သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီအတွင်း သဘောထားကွဲမှု မရှိရေး ကြိုးပမ်း


ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ

Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ လေးရက်တာကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာတော့ အများဝေဖန်စရာ ဖြစ်နေတဲ့ ပါတီခေါင်းဆောင်တွေရဲ့ အီးမေးတွေ ပေါက်ကြားထားချိန်မှာ ညီလာခံကျင်းပတာဖြစ်လို့ ပါတီတွင်း သဘောထားကွဲမှုတွေ မရှိဘူးဆိုတာကို ပြသနိုင်အောင် ကြိုးစားနေကြရပါတယ်။

အစောပိုင်း ပါတီတွင်း သမ္မတလောင်း ပဏာမရွေးပွဲတွေ အတွင်း ဟီလာရီကလင်တန်နဲ့ ပြိုင်ဘက် ဗားမောက်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို လောင်ပြောင်ပြီး မစ္စစ်ကလင်တန်ကို ပါတီ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်နိုင်အောင် ပါတီထိပ်တန်းခေါင်းဆောင်တွေ က ဘက်လိုက် ရပ်တည်ခဲ့ကြတဲ့ အကြောင်းဖော်ပြတဲ့ အီးမေးတွေ ညီလာခံမတိုင်ခင် တရက်မှာပေါက်ကြားခဲ့တာပါ။

သမ္မတကတော် မစ်ရှဲလ်အိုဘားမား ကတော့ နိုင်ငံ့မျိုးဆက်သစ် ကလေးငယ်တွေ အတွက် စံပြပုဂ္ဂိုလ်တွေအဖြစ် အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ကြသူ သမ္မတတွေရဲ့ အရေးပါမှုကို မနေ့က ညီလာခံမှာပြောကြားတဲ့ မိန့်ခွန်းမှာ ထောက်ပြပြီး မစ္စစ်ကလင်တန်ကို ထောက်ခံကြဖို့ ပြောသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာ ရီပါဘလီကန်ပါတီ သမ္မတလောင်း Donald Trump ကို နံမည်တပ် ပြောမသွားပေမဲ့လို့ Trump ကိုရည်ညွှန်းပြီး - သမ္မတတယောက်ဟာ တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ အကြောင်းအရာ အားလုံးကို ခြုံငုံသိနားလည်ပြီး ဘယ်သူ့ကိုမှ အပြစ်ဖို့ချင်တဲ့စိတ် မရှိဖို့လိုတယ်လို့ သမ္မတကတော်က ပြောသွားပါတယ်။

ပါတီညီလာခံမှာ မနေ့က မိန့်ခွန်းပြောကြားခဲ့တဲ့ မစ္စတာ Sanders ကလည်း ရီပါဘလီကန် ပါတီက Donald Trump ကို အနိုင်ရဖို့အတွက် ညီညွတ်ရေးကို အလေးထားပြီး မစ္စစ်ကလင်တန် ကို ထောက်ခံဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီအတွင်း သဘောထားကွဲမှု မရှိရေး ကြိုးပမ်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

ဒီမိုကရက်တစ်ပါတီ ညီလာခံပထမနေ့
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG