သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲတပ္ဖဲြ႔ ျပဳျပင္ေျပာင္းလဲေရး ဥပေဒၾကမ္းေတြ ကန္လႊတ္ေတာ္မွာ မဲခဲြဖုိ႔ရွိ


အေမရိကန္ႏိုင္ငံ Minneapolis ၿမိဳ႕က ရဲတပ္ဖဲြ႔၀င္မ်ား။ (ေမ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရးအတြက္ ဒီမိုကရက္အမတ္ေတြ ဦးေဆာင္ထားတဲ့ ေအာက္လႊတ္ေတာ္နဲ႔ ရီပတ္ဘလစ္ကန္အမတ္ေတြ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ ဒီသီတင္းပတ္ထဲ မဲခြဲဆုံးျဖတ္ဖို႔ စီစဥ္ေနၾကပါတယ္။

ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး အဓိက အဆုိျပဳခ်က္္ အေတာ္မ်ားမ်ားကို လႊတ္ေတာ္ႏွစ္ရပ္စလုံး သေဘာတူၾကေပမယ့္ ကဲြလဲြခ်က္ေတြလည္း ရွိေနပါတယ္။ ေမလေႏွာင္းပိုင္းမွာ ရဲတပ္ဖြဲ႔က ဖမ္းဆိီးစဥ္ လူမည္းအမ်ိဳးသား Georgy Floyd ေသဆုံးခဲ့တဲ့အေပၚ မေက်နပ္မႈေၾကာင့္ အေမရိကန္နဲ႔ တျခားႏုိင္ငံေတြမွာပါ ဆႏၵျပပဲြေတြ ေပၚေပါက္ခဲ့ရာက ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဖိအားေတြလည္း တုိးလာခဲ့တာပါ။

ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္မွာ ဒီမုိကရက္နဲ႔ ရီပတ္ဘလစ္ကန္ ပါတီက လႊတ္ေတာ္အမတ္ေတြၾကား အဓိက သေဘာထား ကဲြလဲြေနၾကတဲ့ အထဲမွာေတာ့ ရဲတပ္ဖဲြ႔၀င္ေတြကုိ အလြယ္တကူ တရားစဲြဆုိ အေရးမယူႏုိင္ေအာင္ အကာအကြယ္ေပးထားတဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ကုိ ပယ္ဖ်က္သင့္-မသင့္ ဆုိတာလည္း ပါ၀င္ပါတယ္။

ရဲတပ္ဖဲြ႔၀င္ေတြကုိ အကာအကြယ္ေပးထားတဲ့ ျပဌာန္းခ်က္ကုိ ဒီမိုကရက္အမတ္ေတြက ပယ္ဖ်က္ဖို႔ ဆႏၵရွိေနေပမယ့္ သမၼတ ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ေတြကေတာ့ ဆန္႔က်င္ေနတာပါ။

သမၼတ Donald Trump
သမၼတ Donald Trump

သမၼတ Donald Trump ကလည္း အေမရိကန္ရဲတပ္ဖြဲ႔ကို ပ်က္စီးေစမယ့္ ဥပေဒမူၾကမ္းတရပ္ကို ဒီမိုကရက္ေတြ အတည္ျပဳဖုိ႔ ႀကိဳးပမ္းေနတယ္ဆုိၿပီး တြစ္တာလူမႈကြန္ရက္မွာ မေန႔တုန္းကပဲ ေရးသားေ၀ဖန္ခဲ့ပါတယ္။

ဒီလုိမျဖစ္ေအာင္ ရီပတ္ဘလစ္ကန္အမတ္ေတြ ကာကြယ္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ အေမရိကန္ျပည္သူျပည္သားေတြ လုံၿခဳံေရးတာ၀န္ယူထားတဲ့ ရဲတပ္ဖြဲ႔ကို အကာအကြယ္ေပး တန္ဖိုးထားရမယ္လို႔လည္း တြြစ္တာမွာ ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းတွေ ကန်လွှတ်တော်မှာ မဲခွဲဖို့ရှိ

အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရက်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေကြပါတယ်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အဓိက အဆိုပြုချက် အတော်များများကို လွှတ်တော်နှစ်ရပ်စလုံး သဘောတူကြပေမယ့် ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။ မေလနှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသား Georgy Floyd သေဆုံးခဲ့တဲ့အပေါ် မကျေနပ်မှုကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဖိအားတွေလည်း တိုးလာခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေကြား အဓိက သဘောထား ကွဲလွဲနေကြတဲ့ အထဲမှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို အလွယ်တကူ တရားစွဲဆို အရေးမယူနိုင်အောင် အကာအကွယ်ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ဖျက်သင့်-မသင့် ဆိုတာလည်း ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်ကို ဒီမိုကရက်အမတ်တွေက ပယ်ဖျက်ဖို့ ဆန္ဒရှိနေပေမယ့် သမ္မတ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကတော့ ဆန့်ကျင်နေတာပါ။

သမ္မတ Donald Trump ကလည်း အမေရိကန်ရဲတပ်ဖွဲ့ကို ပျက်စီးစေမယ့် ဥပဒေမူကြမ်းတရပ်ကို ဒီမိုကရက်တွေ အတည်ပြုဖို့ ကြိုးပမ်းနေတယ်ဆိုပြီး တွစ်တာလူမှုကွန်ရက်မှာ မနေ့တုန်းကပဲ ရေးသားဝေဖန်ခဲ့ပါတယ်။

ဒီလိုမဖြစ်အောင် ရီပတ်ဘလစ်ကန်အမတ်တွေ ကာကွယ်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အမေရိကန်ပြည်သူပြည်သားတွေ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ကို အကာအကွယ်ပေး တန်ဖိုးထားရမယ်လို့လည်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG