သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တရုတ်သမ္မတတို့ ဒီကနေ့ တွေ့ဆုံမည်


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်သမ္မတ Joe Biden(ယာ)နဲ့ တရုတ်သမ္မတ Xi Jinping(ဝဲ)တို့ G20 အစည်းအဝေးမှာတွေ့ရစဥ်၊ နိုဝင်ဘာ ၁၄၊ ၂၀၂၂
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်သမ္မတ Joe Biden(ယာ)နဲ့ တရုတ်သမ္မတ Xi Jinping(ဝဲ)တို့ G20 အစည်းအဝေးမှာတွေ့ရစဥ်၊ နိုဝင်ဘာ ၁၄၊ ၂၀၂၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဒီကနေ့ ဆန်ဖရန်စစ္စကို (San Francisco) မြို့က သမိုင်းဝင် Filoli စံအိမ်မှာ ၄ နာရီလောက် တွေ့ဆုံပြီး၊ ၂ နိုင်ငံကြား ကိစ္စတွေနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးညီလာခံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပနေချိန် သီးခြားတွေ့ဆုံကြမှာပါ။

မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်တဲ့ APEC ညီလာခံကိုတော့ ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်နေတဲ့ အမေရိကန်နဲ့ တရုတ်သမ္မတတွေအပြင် အဖွဲ့ဝင် ၂၁ နိုင်ငံက ခေါင်းဆောင်တွေ၊ အမှုဆောင် အရာရှိကြီးတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလထဲ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ (G-20) အစည်းအဝေးနောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံကြမှာ ဖြစ်တာကြောင့် ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးဖြစ်မယ့် အလားအလာရှိပါတယ်။

တွေ့ဆုံမှုကနေ ထူးခြားတဲ့ ရလဒ်ထွက်ပေါ်လာဖို့ မျှော်လင့်မထားကြပေမယ့် အမေရိကန်၊ တရုတ်ဆက်ဆံရေး တည်ငြိမ်အောင်ထိန်းသိမ်းဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ၊ ယူကရိန်းစစ်စတဲ့ အရေးကြီးတဲ့ ကမ္ဘာ့ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေခံတွေ တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကန်နဲ့ တရုတ်သမ္မတတို့ ဒီကနေ့ တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG