သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်ဆင်ရေး ကန်နဲ့အီရတ်ခေါင်းဆောင်နှစ်ဦးဆွေးနွေးမည်


အမေရိကန်သမ္မတ Donald Trump ဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadiနဲ့ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadiနဲ့ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကို ဒီကနေ့ တနင်္လာနေ့မှာ လက်ခံတွေ့ဆုံဖို့ရှိပြီး ဆွေးနွေးပွဲ မှာ အီရတ်နိုင်ငံမြောက်ပိုင်းက မိုဆူးလ်မြို့ ကို IS စစ်သွေးကြွတွေလက်က ပြန်သိမ်းတဲ့ စစ်ဆင်ရေးအကြောင်းလည်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့လမှာ ခေါင်းဆောင်နှစ်ယောက်တို့ တယ်လီဖုန်းနဲ့ပြောဆိုရာမှာ IS စစ်သွေးကြွ ခြေမှုန်းရေး ပြောဆိုဆွေးနွေးခဲ့ကြပေမယ့် ဒီကနေ့ တနင်္လာနေ့ကတော့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံတာပါ။

IS စစ်သွေးကြွတွေကို ဘယ်လို အပြီးတိုင်ခြေမှုန်းမလဲဆိုတာနဲ့ သူတို့ကို ကူညီပေးနေသူတွေအကြောင်း သမ္မတ Trump နဲ့ဆွေးနွေးလိုတယ်လို့ ဝါရှင်တန်ကို မထွက်ခွါခင် ဝန်ကြီး Abadi ကပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းထိုးစစ်နဲ့ IS စစ်သွေးကြွတွေကို အီရတ်တပ်ဖွဲ့တွေက ၂၀၁၄ သြဂုတ်လ ကတည်းက မြေပြင်ထိုးစစ်ဆင်နွှဲနေတာပါ။ မိုဆူးလ်မြို့သိမ်း စစ်ဆင်ရေးတွေ မနှစ်နှောင်းပိုင်းမှာ စတင်ခဲ့ပြီး ခုလက်ရှိမှာ မြို့အရှေ့ပိုင်းကို အစိုးရတပ်တွေက ပြန်ပြီး ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် မြို့အနောက်ပိုင်းကိုလည်း လက်လှမ်းမှီသွားပါပြီ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုဆူးလ်မြို့အနောက်ပိုင်းမှာ IS ခေါင်းဆောင် Abu Bakr al-Baghdadi ပုန်းခိုနေတဲ့နေရာကို မြေပြင်တပ်ဖွဲ့တွေချဉ်းကပ်လာချိန်မှာပဲ အဓိက ဗလီတခုအနီး ကိုအစိုးရရဟတ်ယာဉ်ကနေ ရော့ကက်ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီဗလီကို ဂျီဟတ်စစ်သွေးကြွတွေရဲ့ ပင်မရုံးချုပ်အဖြစ် အမေရိကန်နဲ့ အီရတ်ကျွမ်းကျင်သူတွေက စောင့်ကြည့်နေတာဖြစ်ပါတယ်။

IS စစ်ဆင်ရေး ကန်နဲ့အီရတ်ခေါင်းဆောင်နှစ်ဦးဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG