သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Harris ပါတီကိုယ်စားလှယ်တထောင်ကျော် ထောက်ခံမဲရ


ဒုသမ္မတ Kamala Harris က အိမ်ဖြူတော်ကနေ စကားပြောစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)
ဒုသမ္မတ Kamala Harris က အိမ်ဖြူတော်ကနေ စကားပြောစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)

ဒီမိုကရက်ပါတီကအမတ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဘဏ္ဍာရေးအလှူရှင်တွေက လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကင်မလာဟဲရစ်ကို တနင်္လာနေ့မှာ ထောက်ခံလိုက်ကြပါတယ်။ ရီပါဘလီကန်ပါတီသမ္မတလောင်း ထရမ့်ကိုရင်ဆိုင်ဖို့ သမ္မတဘိုင်ဒန်က သူ မယှဥ်ပြိုင်တော့ကြောင်းကြေညာချက်နဲ့ ဆက်တိုက်ဆိုသလို ကင်မလာဟဲရစ်ကို ထောက်ခံခဲ့တာပါ။ ဒါပေမဲ့ ဩဂုတ်လ ၁၉ ကနေ ၂၁ အထိ ကျင်းပမယ့် ဒီမိုကရက်ပါတီညီလာခံကနေ မစ္စ် ကင်မလာဟဲရစ်ကို ပါတီ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ရဦးမှာပါ။

အေပီ သတင်းဌာနက ဒီမိုကရက်ပါတီ ညီလာခံကိုယ်စားလှယ်ပေါင်း ၁,၀၇၀ ရဲ့ သဘောထား မေးမြန်းခဲ့ရာမှာ တထောင်ကျော်က ကင်မလာဟဲရစ် ကို ထောက်ခံကြပြီး ၅၀ ကျော်ကတော့ မဖြေလိုသေးကြောင်း ဒါမှမဟုတ် မဆုံးဖြတ်ကြရသေးကြောင်း ပြောခဲ့ပါတယ်။ မကြာမီက ပါတီ သတ်မှတ်ချက်အရ သမ္မတလောင်းဖြစ်ဖို့ ကိုယ်စားလှယ်ပေါင်း ၁,၉၇၆ မဲ လိုအပ်ပါတယ်။

ကင်မလာဟဲရစ်ဟာ ဒုတိယသမ္မတမဖြစ်မီ ကာလီဖိုးနီးယားပြည်နယ် အထက်လွှတ်‌တော်အမတ် ဖြစ်ခဲ့ပြီး သူသာ ပါတီရဲ့ တရားဝင်သမ္မတလောင်းဖြစ်လာခဲ့ရင် အမေရိကန်ရဲ့ နှစ်ပေါင်း ၂၄၈ နှစ် သမိုင်းမှာ ပထမဆုံးလူမည်းအမျိုးသမီး သမ္မတလောင်းဖြစ်သလို တောင်အာရှနွယ် သမ္မတလောင်းလည်း ဖြစ်လာမှာပါ။ ‘ဘိုင်ဒန်ထက် ဟဲရစ်ကို နိုင်ဖို့ပိုလွယ်ပါတယ်’ လို့ ရီပါဘလီကန် သမ္မတလောင်းထရမ့်ကတော့ စီအင်န်အင်န် သတင်းဌာနကို ပြောပါတယ်။

ဒုသမ္မတ Harris ပါတီကိုယ်စားလှယ်တထောင်ကျော် ထောက်ခံမဲရ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG