သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe Biden ရွေးကောက်ပွဲထပ်ဝင်တော့မှာ မဟုတ်ကြောင်း ကြေညာ


သမ္မတ Joe Biden
သမ္မတ Joe Biden

လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံတော့မှာ မဟုတ်တဲ့အကြောင်း သမ္မတ Joe Biden က ဒီနေ့ ကြေညာပါတယ်။

သူ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းမှာ သမ္မတတာဝန်ကိုပဲ အာရုံစိုက်ပြီး ပြီးမြောက်အောင် ဖြည့်ဆည်းသွားနိုင်ဖို့ ပါတီနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ဆက်မပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သမ္မတ Joe Biden က ကြေညာချက် ထုတ်ပြန်ပါတယ်။ သူ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ တိုင်းပြည်ကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ အသေးစိတ်ပြောပြမယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။

သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ သမ္မတရွေးကောက်ပွဲ ဆက်မဝင်သင့်တော့ဘူးဆိုပြီး ဒီမိုကရက်တစ်ပါတီတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်တချို့နဲ့ လွှတ်တော်အမတ်တချို့ရဲ့ နားချတိုက်တွန်းချက်တွေ ထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ထွက်လာတာပါ။

သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris (မှတ်တမ်းပုံ)
သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris (မှတ်တမ်းပုံ)

ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအဖြစ် သူ့နေရာမှာ ဒုသမ္မတ Kamala Harris ကို အစားထိုးဖို့လည်း သမ္မတ Biden က ထောက်ခံပြောဆိုသွားပါတယ်။

သူ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အချိန်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ ကမ္ဘာမှာ အခိုင်မာဆုံးဆိုတာကို သမ္မတ Biden အခိုင်အမာ ခုခံပြောဆိုသွားပါတယ်။ စစ်မှုထမ်းတွေကို ထောက်ပံ့နိုင်ခဲ့တာ၊ သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချရေး၊ ဘေးကင်းလုံခြုံအောင် ကြိုးပမ်းခဲ့တာတွေနဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးဥပဒေတွေ ပြဋ္ဌာန်းနိုင်ခဲ့တာကိုလည်း ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အားလုံး အတူတကွ လက်တွဲဆောင်ရွက်ရင် မဖြစ်နိုင်တာ မရှိတဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုဆိုတာကို မမေ့ဖို့လည်း သမ္မတ ဘိုင်ဒန် ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သမ္မတ Joe Biden ရွေးကောက်ပွဲထပ်ဝင်တော့မှာ မဟုတ်ကြောင်း ကြေညာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG