သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရွတ်ရှီးလ်စ် မှတ်တမ်းရုပ်ရှင် Hulu မှာ ပြသ   


Brooke Shields
Brooke Shields

တချိန်က ကမ္ဘာကျော် အမေရိကန်စူပါမော်ဒယ်လည်းဖြစ်၊ ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ခဲ့ဘူးတဲ့ Brooke Shields (ဘရွတ်ရှီးလ်စ်) ရဲ့ ဘဝဇာတ်ကြောင်း မှတ်တမ်းရုပ်ရှင်ကို မိတ်ဆက်ပွဲပြသတော့ ဒီလို ဘဝဇာတ်ကြောင်း ပြန်ပြောရတာ မခက်ခဲပါဘူး၊ ခက်ခဲတဲ့ ဘဝအချိန်တွေ ကျော်လွန်ပြီးသွားပါပြီလို့ Brooke Shields က ပြောသွားပါတယ်။ “ဘဝကို ရှင်သန်နေထိုင်နေဖို့ဆိုတာ သတ္တိရှိဖို့လိုပါတယ်၊ လူတိုင်း သတ္တိနဲ့ ရှင်သန်နေထိုင်နေကြရတာမို့ ဒါကို အားလုံး နားလည်ဖို့ လိုပါတယ်။ ဒီအရွယ်ရောက်လာပြီဆိုမှတော့ တော်တော် သတ္တိရှိထားရပါတယ်” လို့ အေပီသတင်းဌာနကို မတ်လကုန်က ပြောသွားပါတယ်။

ဒါပေမဲ့လည်း ရိုက်ကူးထားတဲ့ အကွက်တွေကို ပြန်တည်းဖြတ်တာမှာ ဝင်ပါရတာ သူ့အတွက် မလွယ်လှပါဘူး။ အဟောင်းတွေကို အသစ်တဖန် ပြန်ခံစားရတာ ဖြစ်ပါတယ်။

သူ့မှတ်တမ်းရုပ်ရှင်ကို မတ်လ ၂၉ ရက်နေ့က အထူးကား မိတ်ဆက်ပြသသွားခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်နာမည် “Pretty Baby: Brooke Shields” ဖြစ်ပြီး ပြသချိန် ၂ နာရီ ၁၅ မိနစ်ကြာပါတယ်။

ဒီကားကို ဒါရိုက်တာ Lana Wilson (လာနာ ဝီလ်ဆန်) က ရိုက်ကူးပြီး အပိုင်း ၂ ပိုင်း လာမှာဖြစ်ပါတယ်။ ၁၁ နှစ်အရွယ် ငယ်ငယ်ကတည်းက မိန်းကလေးတဦးရဲ့ အလှအပကို လိင်အသားပေးဖော်ပြခံရတဲ့ အနေအထားကနေ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ ရပ်တည်နိုင်တဲ့ အခြေအနေထိရောက်အောင် ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဆိုတာ ရိုက်ပြထားပါတယ်။

သူခံစားကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း ဒီကားမှာ သိရမှာပါ။ သူ့ရဲ့ မှတ်တမ်းရုပ်ရှင် “Pretty Baby: Brooke Shields” ကို Hulu ရုပ်သံလိုင်းမှာ ဧပြီလ ၃ ရက်နေ့က စတင်ပြသနေပါတယ်။

{Unicode}






XS
SM
MD
LG