သုံးရလွယ်ကူစေသည့် Link များ

Yagi ဒဏ်ကူညီရေး ဒေါ်လာ ၃ သန်း အမေရိကန် ထပ်ပေး


ပဲခူးတိုင်း တောင်ငူမြို့မှာ Yagi မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ကယ်ဆယ်ရေးလှေပေါ်မှာတွေ့ရတဲ့ ရေဘေးဒဏ်သင့် ဒေသခံများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ပဲခူးတိုင်း တောင်ငူမြို့မှာ Yagi မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း ကယ်ဆယ်ရေးလှေပေါ်မှာတွေ့ရတဲ့ ရေဘေးဒဏ်သင့် ဒေသခံများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းဒဏ် ခံထားရသူတွေကို ကူညီဖို့ အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၃ သန်းပေးမယ်လို့ ကြေညာပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်းပိုင်းက ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီးနောက်မှာ အခုလို နောက်ထပ် အကူအညီပေးဖို့ ဖြစ်လာတာလို့ အမေရိကန် အစိုးရထုတ်ပြန်ချက်ကို ရန်ကုန်သံရုံး Facebook မှာ ဖော်ပြထားပါတယ်။

Yagi မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေနဲ့ လိုအပ်တဲ့ လူသားချင်းစာနာအကူအညီတွေအတွက် နောက်ထပ်ပေးမယ့် ဒေါ်လာ ၃ သန်းဟာ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီတွေအတွက် ထပ်တိုးပေးထားတဲ့ ဒေါ်လာ ၄၇ သန်းကျော်အပြင် နောက်ထပ် ပေးတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း အရေးပေါ်အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝန်းတွေကို အကူအညီပေးဖို့ အ‌မေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြန်မာတနိုင်ငံလုံးက ပြည်သူတွေကို လူသားချင်းစာနာအကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ရေးအတွက် စစ်အာဏာပိုင်တွေနဲ့ စစ်ပွဲပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေက အဖွဲ့အားလုံးကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာပြည်သူတွေကို ပိုပြီး ကူညီထောက်ပံ့နိုင်ဖို့ အမေရိကန်နဲ့အတူ ဝိုင်းလှူကြဖို့လည်း နှိုးဆော်ထားပါတယ်။

Forum

XS
SM
MD
LG