သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ဒဏ်ခတ်မှုဥပဒေကြမ်း သမ္မတထရမ့် လက်မှတ်ထိုးမည်


မော်စကိုမြို့က အမေရိကန်သံရုံး
မော်စကိုမြို့က အမေရိကန်သံရုံး

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ရေးအတွက် အမေရိကန် လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေမူကြမ်းကို သမ္မတ Donald Trump က သဘော တူပြီး ဥပဒေအဖြစ် လက်မှတ်ထိုးပေးဖို့ ရည်ရွယ်ထားကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ဖို့ လွှတ်တော်က အဆိုပြုထားတဲ့ နောက်ဆုံးအဆင့် ဥပဒေမူကြမ်းကို သမ္မတက ပြန်လည်သုံးသပ်ပြီးပြီဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအရာရှိက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို သမ္မတက ပြန်လည် ရုပ်သိမ်းမယ်ဆိုရင် လွှတ်တော်အနေနဲ့ ပိတ်ပင်တားဆီးပိုင်ခွင့် ရှိတယ်လို့လည်း ဒီ ဥပဒေမူကြမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ဝင်ရောက် နှောက်ယှက် ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ့် ကိစ္စကို သမ္မတ Trump အစိုးရက ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ကြိုးစားလုပ်ဆောင်နေ တဲ့အချိန်မှာ ပြုလွယ် ပြောင်းလွယ်ဖြစ်နိုင်တဲ့ အနေအထားရှိဖို့ လိုအပ်ကြောင်း သမ္မတ Trump အစိုးရက ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားအစိုးရ အရာရှိတွေနဲ့ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ကြားက ထိတွေ့ ဆက်ဆံမှုတွေကို လပေါင်းများစွာ စုံစမ်း စစ်ဆေးပြီးတဲ့နောက် ရုရှားအပေါ် ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေးအတွက် အမေရိကန် လွှတ်တော် ၂ ရပ် စလုံးက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG