သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ရုရှား မဟာမိတ် ဆက်ဆံရေး ဆွေးနွေးဖို့ Putin ကမ်းလှမ်း


Russia သမ္မတ Vladimir Putin
Russia သမ္မတ Vladimir Putin

အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေးအတွက် ဆွေးနွေးဖို့ ရုရှားဖက်က အဆင် သင့်ပဲလို့ ရုရှားသမ္မတ Vladimir Putin က အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ကို တနင်္လာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် ဂုဏ်ပြုစကားပြော စဉ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ရုရှား ပြည်သူတွေနဲ့ ခိုင်မာ တည်တံ့တဲ့ ဆက်ဆံရေးရရှိဖို့ စိတ်အားထက် သန်နေကြောင်း Donald Trump ကပြောခဲ့ကြောင်း Trump ရုံးခန်းက ပြောပါတယ်။ ခြိမ်းခြောက်မှုတွေ စိန်ခေါ်မှုတွေနဲ့ မဟာဗျူ ဟာမြောက် စီးပွားရေးဆိုင်ရာ ကိစ္စတွေ အပါအဝင် ကိစ္စရပ်တော်တော် များများကို ၂ ဘက်ကြား ဆွေးနွေးခဲ့ကြတယ် လို့လည်း ပြောပါတယ်။

လက်ရှိအမေရိကန်နဲ့ ရုရှား ဆက်ဆံရေးဟာ အတော်လေး ဘဝင်မကျစရာ ဖြစ်နေပြီး သူတို့ကြား ဆွေးနွေးမှုတွေဟာ တန်းတူ ညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ တဦးပြည်တွင်းရေးကို တဦးက ဝင်မစွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာ အခြေခံ သင့်တယ်ဆိုတာကို သမ္မတပူတင်နဲ့ ရွေးကောက်ခံသမ္မတ Trump တို့သဘော တူခဲ့ကြကြောင်း ရုရှား အစိုးရဖက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ယူကရိန်းနိုင်ငံကိစ္စ ဆီးရီးယားစစ်ပွဲ ကိစ္စတွေကြောင့် လက်ရှိ အိုဘားမားအစိုးရနဲ့ ရုရှား အစိုးရကြား ဆက်ဆံရေး အေးစက်နေခဲ့တာ နှစ်တော်တော်ကြာ ပါပြီ။ ရှေ့ လာမယ့်နှစ်ဟာ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန် ဆက်ဆံရေး စတင်ခဲ့တာ နှစ်ပေါင်း ၂၁၀ ပြည့်မှာဖြစ်ပြီး အပြန်အလှန် အကျိုးရှိတဲ့ ပူးပေါင်းဆောင် ရွက် မှုဟာ ၂ နိုင်ငံအတွက် အကျိုးရှိပြီး ကမ္ဘာကြီး အတွက်လည်း တည်ငြိမ် လုံခြုံစေ မှာဖြစ်တယ်လို့ ရုရှား အစိုးရရဲ့ Website ပေါ်မှာ ဖော်ပြထားပါတယ်။

ကန်နဲ့ ရုရှား မဟာမိတ် ဆက်ဆံရေး ဆွေးနွေးဖို့ Putin ကမ်းလှမ်း
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG