သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ် ရုရှားစစ်ရေးလှုပ်ရှားမှု ကန်အတွက် စိုးရိမ်ဖွယ်မဟုတ်သေး


ရုရှားတပ်ဖွဲ့များ Crimea ဒေသမှာ ၂ဝ၂၁၊ ဧပြီလအတွင်းက အင်အားအများအပြားစစ်ရေးလေ့ကျင့်ခဲ့စဉ် (ဓါတ်ပုံ AP)
ရုရှားတပ်ဖွဲ့များ Crimea ဒေသမှာ ၂ဝ၂၁၊ ဧပြီလအတွင်းက အင်အားအများအပြားစစ်ရေးလေ့ကျင့်ခဲ့စဉ် (ဓါတ်ပုံ AP)

ယူကရိန်းနယ်စပ် ရုရှားစစ်ရေးလှုပ်ရှားမှု ကန်အတွက် စိုးရိမ်ဖွယ်မဟုတ်သေး

{{Zawgyi/Unicode}}
ယူကရိန်နိုင်ငံနယ်စပ်မှာ ရုရှားရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ မိမိတို့အတွက် စိုးရိမ်စရာမဟုတ်သေးဘူးလို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley က မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။ ရုရှားရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ သိသာပေမယ့် ကျူးကျော်တိုက်ခိုက်မဲ့လက္ခဏာမရှိတာကိုတော့ သတိထားမိပါတယ်လို့လည်းပြောပါတယ်။

တပ်ဖွဲ့ဝင် ထောင်ပေါင်များစွာပါဝင်တဲ့ ရုရှားရဲ့ Zapad လို့အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်သလိုမျိုး မဟုတ်ပါဘူးလို့လည်း သူက ဝါရှင်တန်ဒီစီမြို့က လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ဘာရည်ရွယ်တယ်ဆိုတာကို မသိရသေးပေမယ် မိမိတို့အနေနဲ့ အဆက်မပြတ်စောင့်ကြည့်နေပါတယ်လို့သူကပြောပါတယ်။

ရုရှားကတဖက် အမေရိကန် နဲ့ မဟာမိတ်နေတိုးတပ်ဖွဲ့တွေက တဖက် အကြား တင်းမာမှုတွေကတော့ ထပ်မံပြီး တိုးလာနေတယ်လို့လည်း သူကပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကတော့ ဒီသီတင်းပတ်ထဲက CIA ဒါရိုက်တာ William Burns ကို ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို စေလွှတ်ပြီး တင်းမာမှုတွေလျော့ပါးအောင် လုပ်ဆောင်ခဲ့ပါတယ်။

ရုရှားက ၂ဝ၁၄ခုနှစ် Crimea ဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တသိန်းခွဲလောက်ပါဝင်တဲ့ အကြီးဆုံးစစ်ရေးလေ့ကျင်မှုကို ဒီနှစ်ဧပြီလအတွင်းက ယူကရန်နယ်စပ်မှာ ပြုလုပ်ခဲ့စဉ်ကတော့ အမေရိကန် စစ်ဖက် နဲ့ ထောက်လှမ်းရေးအရာရှိတွေက စိုးရိမ်ရကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ကြပါတယ်။

...............................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG