သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မဟာမိတ်ခိုင်မြဲရေး သမ္မတ Trump မှန်းမျှော်


အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin (ဂျူလိုင်၊ ၁၆၊ ၂၀၁၈)
အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin (ဂျူလိုင်၊ ၁၆၊ ၂၀၁၈)

အမေရိကန်နဲ့ ရုရှားကြား ခိုင်မြဲတဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခြင်းက ကမ္ဘာကြီးအတွက် ပိုမိုလုံခြုံစိတ်ချရပြီး ကောင်းမွန်တဲ့ ကမ္ဘာ့အသိုင်းဝိုင်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သမ္မတ ထရမ့်က စနေနေ့မှာ တွစ်တာကတဆင့် ပြောဆိုလိုက်ပါတယ်။

ထရမ့်ရဲ့အပြောအရ ရုရှားသမ္မတ-ပူတင်နဲ့ အချိန်ကြာရှည်စွာ တယ်လီဖုန်းဆက်သွယ် ပြောဆိုမှုဟာ အရမ်းကို အပြုသဘောဆောင်ခဲ့တယ်လို့ သူပြောခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတထရမ့်က အခုလို တွစ်တာမှာ ရေးသားလိုက်တာပါ။

ပူတင်နဲ့ သူဆွေးနွေးတဲ့အထဲမှာ ဗင်နီဇွဲလားအရေးလည်း ပါဝင်တယ်လို့ ထရမ့်က ပြောပါတယ်။ ဗင်နီဇွဲလားအရေးမှာ အမေရိကန်က ရှေ့ဆက်တိုးပြီး တဘက်သတ် လုပ်ဆောင်ခဲ့ရင် စိုးရိမ်ဖွယ်အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တယ်လီဖုန်းပြောဆိုခဲ့တာဟာ ဗင်နီဇွဲလားအရေးမှာ အမေရိကန်က စစ်ရေးအရ ဝင်မစွက်ဖို့ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီနိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ဟာ လာမယ့်သီတင်းပတ်ထဲ ဖင်လန်နိုင်ငံမှာ ကျင်းပမယ့် အာတိတ်ကောင်စီ ဝန်ကြီးများအစည်းဝေးမှာလည်း ဗင်နီဇွဲလားအရေးကို ထပ်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီအတောတွင်း သမ္မတထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့အတူ ကာကွယ်ရေးဝန်ကြီး အပါအဝင် တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ရေတပ် ဗိုလ်ချုပ်ကြီးတွေဟာ ပင်တဂွန်စာဌာနချုပ်မှာ သောကြာနေ့က သီးသန့်တွေ့ဆုံကြပြီး အတိမ်းအစောင်းမခံတဲ့ ကမ္ဘာ့အရေးအခင်းတွေနဲ့ စစ်ဆင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ရုရှားနဲ့ မဟာမိတ်ခိုင်မြဲရေး သမ္မတ Trump မှန်းမျှော်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG