သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Putin ဗင်နီဇွဲလားအရေးဆွေးနွေးမှု အပြုသဘောဆောင်


ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump (ဂျူလိုင်၊ ၀၇၊ ၂၀၁၇)
ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump (ဂျူလိုင်၊ ၀၇၊ ၂၀၁၇)

ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump တို့ တနာရီကျော်ကြာအောင် ဖုန်းပြောခဲ့ကြပြီး ဗင်နီဇွဲလားရေး အပါအဝင် တခြားကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ သိပ်ကို အပြုသဘောဆောင်တဲ့အကြောင်း Trump က ပြောပါတယ်။

ဗင်နီဇွဲလားမှာ ကောင်းတဲ့အလားအလာကို တွေ့ချင်တာကလွဲလို့ ဗင်နီဇွဲလားအရေးမှာ ဝင်ရောက်စွပ်ဖက်ဖို့တော့ မလိုလားဘူးဆိုတဲ့ ပူတင်ရဲ့သဘောထားက သူ့သဘောထားနဲ့ ထပ်တူပါပဲလို့ Trump က သူ့ရဲ့ သမ္မတရုံးခန်းကနေ သတင်းထောက်တွေကို သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ဗင်နီဇွဲလားမြို့တော် Caracas မှာ ဒီတလောအတွင်း မတည်ငြိမ်မှုတွေ တိုးလာတဲ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားကြား ဒီရက်ပိုင်းအတွင်း ဆက်ဆံရေး တင်းမာလာခဲ့တာပါ။

ဗင်နီဇွဲလားသမ္မတ Nicolas Maduro ရာထူးကဆင်းပြီး တိုင်းပြည်က ထွက်ပြေးမယ့်အရေး ရုရှားက အကာအကွယ်ပေးနေတယ်လို့ Trump အစိုးရက စွပ်စွဲထားတာပါ။ ဒီဘက်ကမ္ဘာခြမ်းကအရေးဟာ ရုရှားဝင်စွက်ဖက်ရမယ့် နေရာမဟုတ်ဘူးလို့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton က ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

Trump နဲ့ Putin ဗင်နီဇွဲလားအရေးဆွေးနွေးမှု အပြုသဘောဆောင်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG