သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေအထွေသပိတ်ဆင်နွှဲမယ်လို့ ဗင်နီဇွဲလားအတိုက်အခံကြေညာ


အတိုက်အခံခေါင်းဆောင် Juan Guaido
အတိုက်အခံခေါင်းဆောင် Juan Guaido

ဗင်နီဇွဲလားနိုင်ငံမှာ ယာယီသမ္မအဖြစ် ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido က ဒီနေ့စတင်မယ့် ဆန္ဒပြ လှုပ်ရှားမှုကနေ အထွေထွေသပိတ်တရပ်အထိ ဆင်နွှဲသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လူထုအုံကြွမှုနဲ့ သမ္မတ Nicolas Maduro အစိုးရကို ရာထူးကနေ အမြန်ဆုံးဖယ်ရှားနိုင်ဖို့ အတိုက်အခံခေါင်းဆောင်က တိုက်တွန်းလိုက်တာပါ။

Caracas မြို့တော် လမ်းတွေပေါ်က ၂ ရက်ကြာ ဆန္ဒပြပွဲအတွင်းမှာတော့ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖက်ပြောင်းလာကြဖို့ အတိုက်အခံ ခေါင်းဆောင်ရဲ့ တိုက်တွန်းချက်ကိုလည်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုတွေ အဆမတန် ကြီးထွားနေတာ၊ အစားသောက်၊ လောင်စာ၊ ဆေးဝါးနဲ့ လျှပ်စစ်မီး ပြတ်လတ်မှုကြောင့် သန်းနဲ့ချီတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေလည်း တိုင်းပြည်က ထွက်ပြေးခဲ့ကြတာပါ။ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်ဥက္ကဋ္ဌ Guaido ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တဲ့အတွက် သမ္မတ Maduro ဟာ တရားမဝင်ဘူးဆိုပြီး၊ အခြေခံဥပဒေပါ ပြဌာန်းချက်အရ ယာယီသမ္မတအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ဗင်နီဇွဲလားနိုင်ငံ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြတာပါ။ သမ္မတ Maduro ကတော့ အမေရိကန်နဲ့ ကိုလံဘီယာနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ပြောဆိုထားပါတယ်။ ဆန္ဒပြသူတွေကိုလည်း အခြေခံဥပဒေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ချမ်းရေး ပျက်ပြားစေမှုတွေအတွက် ကြီးလေးတဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သတိပေးထားပါတယ်။

XS
SM
MD
LG