သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား ပဋိပက္ခ စစ်ရေးအရ ကန်ကူဖို့ အလားအလာရှိနိုင်


ဗင်နီဇွဲလား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေ ရပ်တန့်ဖို့ အတွက် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အဆင်သင့်ဘဲ ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောကြားလိုက်ပါတယ်။

လိုအပ်မယ်ဆိုရင် အမေရိကန်ကတော့ လုပ်ရမှာဘဲလို့ ဝန်ကြီး Pompeo က Fox Business Network နဲ့ လုပ်တဲ့ မေးမြန်းခန်းမှာ ပြောသွားတာပါ။ ဒါပေမယ့် ဗင်နီဇွဲလား နိုင်ငံမှာ ဆိုရှယ်လစ် သမ္မတ Nicolas Maduro ဆီက သူ့ကိုယ်သူ ကြားဖြတ်သမ္မတ အဖြစ် ကြေညာထားသူ အမျိုးသား လွှတ်တော် ဥက္ကဌ Juan Guaido ဆီကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမယ့် ကိစ္စကိုတော့ ပိုမိုလိုလားတယ်လို့လည်း သူက ထပ်ပြောထားပါတယ်။

Juan Guaidoကို အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၅၀ က ဗင်နီဇွဲလား သမ္မတ အဖြစ် အသိအမှတ် ပြုထားကြတာ ဖြစ်ပါတယ်။ စစ်တပ်ဖွဲ့တွေ စေလွှတ်ဖို့ အမေရိကန်ရဲ့အချက်ပြမှုကို ရုရှားနိုင်ငံက ချက်ချင်းဘဲ ကန့်ကွက်လိုက်ပါတယ်။ အမေရိကန်ရဲ့ နောက်ထပ်လှမ်းလာမယ့် ကျူးကျော်မှုတွေကြောင့် အဆိုးရွားဆုံး အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ဝန်ကြီး Pompeo ကို ဖုန်းဆက်ပြီး သတိပေးလိုက်ပါတယ်။

လမ်းပေါ် ကန့်ကွက်မှုတွေကြောင့် Maduro ကျူးဘားနိုင်ငံဆီ ထွက်ပြေးဖို့ အဆင်သင့် ပြင်နေပြီ ဆိုတဲ့ ဝန်ကြီး Pompeoရဲ့ ပြောဆိုချက်ကိုလည်း ဒါဟာ ဝါဒဖြန့်ချိရေး သက်သက်သာ ဖြစ်တယ်လို့ ရုရှားဘက်က ပယ်ချလိုက်ပါတယ်။

ဗင်နီဇွဲလား ပဋိပက္ခ စစ်ရေးအရ ကန်ကူဖို့ အလားအလာရှိနိုင်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG