သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားမှာ အာဏာသိမ်းကြိုးစားမှုရှိနေကြောင်း အစိုးရကြေညာ


ဗင်နီဇွဲလားနိုင်ငံ Caracas မြို့တော်မှာ အာဏာသိမ်းဖို့ ကြိုးစားမှုတခု အခုဖြစ်နေတယ်လို့ ဗင်နီဇွဲလား ဆိုရှယ်လစ်အစိုးရက ဒီကနေ့ ပြောပါတယ်။ သမ္မတ Nicolas Maduro ကို ဖြုတ်ချဖို့ သူ့ရဲ့ ကြိုးပမ်းမှုမှာ ပူးပေါင်း ပါဝင်လာတယ်ဆိုတဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်နဲ့ ယာယီသမ္မတ အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Juan Guaido က လမ်းပေါ်ထွက် လာပြီးတဲ့နောက် အစိုးရဘက်က အဲ့လိုပြောတာပါ။ အမေရိကန်က ထောက်ခံထားတဲ့ Guaido က အခြေခံ ဥပဒေကို ထောက်ခံသူ ရဲရင့်တဲ့ စစ်သားတွေ မျိုးချစ်တွေ အမျိုးသားတွေဟာ ကျနော်တို့ တောင်းဆိုချက် နောက်ကို လိုက်ပါလာကြပြီလို့ ပြောပါတယ်။

ဒါပေမဲ့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီး ဟောဟင်းရိုဒယု ဘက်ကတော့ စစ်စခန်းတခု အနီးမှာ နေရာယူပြီး အာဏာသိမ်းဖို့လုပ်နေတဲ့ သစ္စာဖောက် စစ်သားအုပ်စုလေးတခုကို မိမိတို့လက်ရှိမှာ ရင်ဆိုင်ဖြိုခွင်းနေတယ်လို့ သူ့ရဲ့ Twitter မှာ ရေးပါတယ်။

လူထုအနေနဲ့ အမြင့်မားဆုံး သတိရှိကြဖို့နဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုကို နှိမ်နင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေး မှာ မိမိတို့ရဲ့ ပြောင်မြောက်တဲ့ ဗိုလီဗေးရီးရန်း အမျိုးသား တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့လည်း ရေးထားပါတယ်။

စစ်စခန်းတခု အပြင်ဘက်က ဆန္ဒပြသူတွေကို သမ္မတ Maduro ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ပါတယ်။ ဒါပေမဲ့လည်း အများအားဖြင့် ဘာမှ မရှိတဲ့ စစ်စခန်းထဲမှာ စစ်သားတွေနဲ့ Guaido ကို ထောက်ခံသူတွေ အေးအေးဆေးဆေးသွားလာနေတာကို ရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG