သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် အစိုးရလုပ်ငန်းလုပ်ခွင့် ၁၅ နှစ် အပိတ်ခံရ


 အတိုက်အခံခေါင်းဆောင် Juan Guaido
အတိုက်အခံခေါင်းဆောင် Juan Guaido

နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေအရှိန်အဟုန်မြင့်မားလာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaido ရဲ့ အစိုးရလုပ်ငန်း လုပ်ပိုင်ခွင့်သက်တမ်း၁၅ နှစ်ကို ရုပ်သိမ်းတယ်လို့ ဗင်နီဇွဲလားရဲ့လက်ရှိသမ္မတ နီကိုးလပ်စ် မာဒူရိုက မနေ့ကပဲကြေညာလိုက်ပါတယ်။

ဒီလိုကြေညာချက်ထွက်လာပြီး မကြာခင်မှာပဲ အတိုက်အခံခေါင်းဆောင် Juan Guaido က သမ္မတမာရူဒို အာဏာစွန့်လွှတ်ရေး လမ်းမတွေပေါ်က ဆန္ဒပြမှုတွေကိုဆက်ပြီး လုပ်သွားမယ်လို့ ကြေညာလိုက် ပါတယ်။ Juan Guaido ရဲ့ အတိုက်အခံအင်အားစုက အမျိုးသားလွှတ်တော်ကို ထိန်းချုပ်ထားတာပါ။ သူ့ကိုအမေရိကန်အပါ အဝင် နိုင်ငံ ၅၀ က ဗင်နီဇွဲလားရဲ့ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထား ပါတယ်။

သမ္မတမာဒူရိုကို အာဏာကဆင်း ပေးဖို့ ဆန္ဒပြမှုတွေ အများအပြားရှိနေတယ်ဆိုပေမဲ့လည်း မာဒူရိုကတော့ အာဏာမစွန့်သေးပါဘူး။ ဗင်နီဇွဲလားပြည်သူတွေရဲ့ လေးပုံတပုံလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

သမ္မတ မာဒူရိုကို ရုရှားကကျောထောက်နောက်ခံပေးထားတာပါ။ ဗင်နီဇွဲလားကို ရုရှားစစ်သည်၁၀၀ လောက်နဲ့ သမ္မတမာဒူရိုကို အထောက်အပံ့ပေးတဲ့ကုန်ပစ္စည်းလည်း ၃၅တန် ရုရှားကပြီးခဲ့တဲ့အပတ်က ပို့ထားပါတယ်။ ရုရှားစစ်သားတွေ ဗင်နီဇွဲလားကနေ ပြန်သွားဖို့အမေရိကန်ဘက်က တောင်းဆိုထားပေမဲ့လည်း ရုရှားကတော့ ဂရုမစိုက်ပါဘူး။ ဗုဒ္ဓဟူးနေ့က တော့ အတိုက်အခံခေါင်းဆောင် Juan Guaidoရဲ့ဇနီးနဲ့အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG