သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ရဲ့ ကိုယ်ရေးအရာရှိကို ထောက်လှမ်းရေးဖမ်းဆီး


Roberto Marrero ရဲ့ အိမ်ကို ထောက်လှမ်းရေးတွေက တညလုံးစီးနင်းဝင်ရောက်ခဲ့
Roberto Marrero ရဲ့ အိမ်ကို ထောက်လှမ်းရေးတွေက တညလုံးစီးနင်းဝင်ရောက်ခဲ့

ဗင်နီဇွဲလားနိုင်ငံက သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ်ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido က သူ့ရဲ့ ကိုယ်ရေးအရာရှိဟာ ထောက်လှမ်းရေးတွေ ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ သူ့ရဲ့ကိုယ်ရေး အရာရှိ Roberto Marrero ရဲ့အိမ်ကို ထောက်လှမ်းရေးတွေက တညလုံးစီးနင်းဝင်ရောက်ခဲ့ပြီး သူ့ကိုအချုပ်ထဲထည့်ခဲ့ပါတယ်။

လွှတ်တော်အမတ် Sergio Vergara ရဲ့အိမ်ကိုလည်း ဝင်ပြီးရှာဖွေခဲ့ကြတယ်ဆိုပေမယ့် သူ့ကိုတော့ မဖမ်းသွားဖူးလို့ ဆိုပါတယ်။ အခုလိုဖမ်းဆီးမှုကို အပြစ်တင်ရှုတ်ချကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက တောင်းဆိုလိုက်ပါတယ်။ ဒီဖမ်းဆီးမှုမှာပါဝင်တဲ့သူတွေကိုလည်း အရေးယူနိုင်ဖို့လုပ်ဆောင်မယ်လို့ ဝန်ကြီး ပွန်ပီယိုကပြောပါတယ်။

အတိုက်အခံခေါင်းဆောင် Juan Guaidoကို မဖမ်းဖို့အမေရိကန်ဘက်က မကြာခဏ သတိပေး နေတာပါ။ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိအာဏာကိုယူထားတဲ့ သမ္မတ နီကိုးလာစ် မာဒူရိုကရော၊ အတိုက် အခံ ခေါင်း ဆောင် Juan Guaidoကပါ နိုင်ငံရဲ့ ခေါင်းဆောင် လို့ပြောနေကြတာပါ။

သမ္မတမာဒူရိုအနေနဲ့နောက်ထပ်ကြီးမားတဲ့ အမှား တခုကို ကျူးလွန်လိုက်ပြန်ပြီလို့ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကတွစ်တာလူမှု ကွန်ယက်ကတဆင့်ရေးသားဖေါ်ပြပါတယ်။ မာဒူရိုရာထူးကနေဆင်းပေးဖို့ လိုအပ်တဲ့လမ်းကြောင်းမှန်သမျှကိုစဉ်းစား ထားပြီး လိုအပ်ရင် စစ်ရေးအရပါ လုပ်ဆောင်ဖို့အကြံပြုတဲ့အကြောင်း အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ကလည်းပြော ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG