သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားကနေ ရုရှားထွက်သွားဖို့ Trump တောင်းဆို


မကြာသေးခင်က ဗင်နီဇွဲလားနိုင်ငံကို ရုရှားတပ်သားတွေ ရောက်သွားတဲ့နောက်မှာ အမေရိကန်သမ္မတ Donald Trump က ရုရှားတွေ ဗင်နီဇွဲလားနိုင်ငံကနေ ထွက်သွားဖို့ ပြောကြားလိုက်ပါတယ်။

ရုရှားတွေ ဗင်နီဇွဲလားကနေ ထွက်သွားအောင် အမေရိကန်တပ်တွေ ဗင်နီဇွဲလားမှာ ချထားဖို့ ဆန္ဒရှိ မရှိ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေက မေးမြန်းရာမှာတော့ သမ္မတ Trump က ရွေးချယ်စရာလမ်းအားလုံးကို ဖွင့်ထားတယ်လို့ သူအရင်အကြိမ်များစွာ ပြောခဲ့သလို ထပ်ပြောကြား ခဲ့တာပါ။

ဒါ့အပြင် ရုရှားအစိုးရ အနေနဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ကောင်းကောင်း နားလည်ပါကြောင်းလည်း ပြောပါတယ်။

သမ္မတ Trump ဟာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်လည်းဖြစ် သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ်ပါ ကြေညာထားတဲ့ Juan Guaido ရဲ့ ဇနီး Fabiana Rosales နဲ့အတူ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Rosales ဟာ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ တွေ့ဆုံ အပြီးမှာ အိမ်ဖြူတော် Ovel ရုံးခန်းမှာ သမ္မတ Trump နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်အကုန်မှာ ရုရှားစစ်လေယာဉ်တွေ ဗင်နီဇွဲလားကို ဆိုက်ရောက်လာတာဟာ ဒေါသထွက်စရာ လုပ်ဆောင်မှု တရပ်အဖြစ် အမေရိကန်ဘက်က ရှုမြင်ကြောင်းလည်း ဒုသမ္မတ Pence က Roosevelt ခန်းမထဲမှာ Rosales နဲ့အတူ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အာဏာရှင် Maduro အတွက် ပံ့ပိုးမှုတွေအားလုံး ရပ်ပစ်ပြီး ဗင်နီဇွဲလားမှာ လွတ်လပ်မှုပြန်ရချိန်အထိ ကမ္ဘာနဲ့ရော ဒေသတွင်းနိုင်ငံတွေနဲ့ပါ လက်တွဲပြီး Juan Guaido ကို ထောက်ခံမှု ပေးဖို့ ရုရှားကို ဒီကနေ့ပဲ တောင်းဆိုလိုက်ကြောင်းလည်း ပြောပါတယ်။

ဗင်နီဇွဲလားရဲ့ ဒီကနေ့ အခြေနေဟာ လွတ်လပ်မှု ရမလား၊ အာဏာရှင် အုပ်စိုးမှုအောက် နေရမလား ဆိုတဲ့ သေရေးရှင်ရေးတမျှ အရေးကြီးနေချိန် ဖြစ်ကြောင်းနဲ့ ကလေးငယ်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ ဆေးရုံတွေမှာလည်း ကုစရာ ဆေးမရှိကြောင်း Rosales ကပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားကနေ ရုရှားထွက်သွားဖို့ Trump တောင်းဆို
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG