သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဆော်ဒီကို ကန်လက်နက်ရောင်းတာ အီရန်ကိုထိန်းညှိဖို့ရည်ရွယ်


အမေရိကန် သမ္မတ Donald Trump နဲ့ ဆော်ဒီဘုရင် Salman တို့ ဆော်ဒီဘုရင့်နန်းတော်မှာ တွေ့ဆုံ။ မေလ ၂၀ ရက် ၂၀၁၇။
အမေရိကန် သမ္မတ Donald Trump နဲ့ ဆော်ဒီဘုရင် Salman တို့ ဆော်ဒီဘုရင့်နန်းတော်မှာ တွေ့ဆုံ။ မေလ ၂၀ ရက် ၂၀၁၇။

အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့ကြား ဒေါ်လာ ဘီလီယံ ၁၀၀ တန် လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်လက်မှတ် ရေးထိုး မှုဟာ ဒေသတွင်း အီရန်ရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကပြောပါတယ်။

စနေနေ့က Riyadh မှာ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir နဲ့ အတူတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Tillerson က ဒီကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ကနေ ဆော်ဒီအာရေဗျနဲ့ ပင်လယ်ကွေ့ ဒေသတခုလုံးရဲ့ရေရှည် လုံခြုံရေးဆိုင်ရာ အတွက် အကူညီပေးနိုင်ဖို့ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဆော်ဒီအာရေဗျနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေ တလျှောက် အီရန်ရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ သြဇာလွှမ်းမိုးမှုတွေနဲ့ အီရန်နဲ့ ဆက်နွယ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ကြောင်းလည်း ဝန်ကြီး Tillerson ကပြောပါတယ်။

ဒီကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်ဟာ ဆော်ဒီဘုရင် Salman bin Abdulaziz နဲ့ သမ္မတ Donald Trump တို့ စနေနေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် အများအပြားထဲက တခုဖြစ်ပြီး ဒီကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ကတော့ ချက်ချင်း အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒါဟာ ၂ နိုင်ငံကြား စစ်ရေးနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် တိုးမြှင့် ဆက်ဆံဖို့ ဖြစ်ပြီး ဒီအထဲမှာ ပါဝင်တဲ့ ဒုတိယ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် ကတော့ လာမယ့် ဆယ်နှစ် အတွင်း ဒေါ်လာ ဘီလီယံ ၃၅၀ ဖိုး အထိ သုံးဖို့ ဖြစ်လာနိုင်ပါတယ်။

သမ္မတ Trump ရဲ့ ဆော်ဒီအာရေဗျ ခရီးစဉ်ဟာ အီရန်ရဲ့ ဆော်ဒီအာရေဗျ အပေါ် ခြိမ်းခြောက်မှု မှန်သမျှကို ဖယ်ရှားပေးဖို့ အဓိကထား တယ်လို့လည်း ဝန်ကြီး Tillerson ကပြောပါတယ်။ ဒါ့အပြင် အခု ပြန်အရွေးခံခဲ့ရတဲ့ အီရန်သမ္မတ Hassan Rouhani အနေနဲ့ သူ့ရဲ့ ဒုတိယ သက်တမ်းမှာ အီရန်ရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ် အဆုံးသတ်အောင်နဲ့ အကြမ်းဖက် လုပ်ဆောင်နေသူတွေကို ငွေကြေး ပံ့ပိုးတာတွေ ရပ်ဆိုင်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဆော်ဒီကို ကန်လက်နက်ရောင်းတာ အီရန်ကိုထိန်းညှိဖို့ရည်ရွယ်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG