သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒုံးစမ်းသပ်မှု ကုလ လုံခြုံရေးကောင်စီ စည်းဝေးမည်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

အီရန်နိုင်ငံက ပြုလုပ်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ အရေးပေါ် အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။

တာလတ်ပစ်ဒုံးကျည်တစင်း အီရန်က တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ် လိုက်ပြီးတဲ့နောက် ဒီအစည်းအဝေးကို ခေါ်ယူဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုခဲ့တာပါ။

စမ်းသပ်တဲ့ ဒုံးကျည် ဘာအမျိုးအစားလဲ၊ သူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာနဲ့ ပတ်သက်ပြီးလို့တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် တွေနဲ့ ပတ်သက်သမျှ Iran အနေနဲ့ ဘာမှ မလုပ်ဆောင်ဖို့ ၂၀၁၅ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က တားမြစ်ထားတာဖြစ်ပါတယ်။

အီရန်ဘက်က သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်ပြီး နိုင်ငံတကာဘက်ကလည်း အရေးယူပိတ်ဆို့မှုတွေ လျော့ပေါ့ဖို့ သဘောတူညီချက်ကို အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ရရှိပြီးနောက် အီရန်ရဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးအစီအစဉ်ကို ၈ နှစ်တာ တားမြစ်ဖို့ သဘောတူခဲ့ကြတာပါ။

အီရန် က သူတို့ နျူကလီးယား ထုတ်ဖို့ လုပ်မနေပါဘူးဆိုပြီး ငြင်းဆိုနေပေမယ့် လည်း အီရန် ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေပါတယ် ဆိုပြီးတော့ စွပ်စွဲချက်တွေထွက်ပေါ်ပြီးတဲ့နောက်မှာ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ တရုတ်တို့ က သဘောတူညီချက်ရအောင် ညှိနှိုင်းထားတာ ဖြစ်ပါတယ်။

အီရန်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဒီဒုံကျည်စမ်းသပ်မူ လုပ်သလား မလုပ်ဘူးလားဆိုတာကို အတည်မပြုသွားသလို၊ ငြင်းလည်းငြင်းမသွားခဲ့ပါဘူး။

ဒါပေမယ့် အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေဟာ နျူကလီးယား လက်နက်ထုတ်ဖို့ လုံးဝမဟုတ်ပါဘူးလို့ပဲ ထပ်ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG