သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဆင့်မြင့်လုံခြုံရေးဌာနအကြီးအကဲ ရာထူးကအနားယူ


အမေရိကန်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဌာန (Secret service) ညွှန်ကြားရေးမှူး Kimberly Cheatle လွှတ်တော်ကြားနာပွဲတက်ရောက်လာစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)
အမေရိကန်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဌာန (Secret service) ညွှန်ကြားရေးမှူး Kimberly Cheatle လွှတ်တော်ကြားနာပွဲတက်ရောက်လာစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)

အမေရိကန်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဌာန (secret service) ညွှန်ကြားရေးမှူးဟာ ရာထူးက အင်္ဂါနေ့မှာ အနားယူလိုက်ပါ တယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့် လုပ်ကြံခံရမှုကလွတ်မြောက်သွားခဲ့ပေမဲ့ အဆင့်မြင့်လုံခြုံရေးဌာနက အကာအကွယ် မပေးနိုင်ခဲ့တာကြောင့် ညွှန်ကြားရေးမှူး ကင်ဘာလေ ချိတဲလ် နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။

“(သမ္မတဟောင်းအပေါ်) လုံခြုံရေးလစ်ဟာခဲ့တာအတွက် ကျမ လုံးဝတာဝန်ယူကြောင်း၊ မကြာမီဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ညွှန်ကြားရေးမှူးရာထူးကနေ ဆင်းပေးဖို့ ဆုံးဖြတ်” လိုက်ကြောင်း သူ့ဝန်ထမ်းတွေကိုပေးပို့ပြီး အေပီသတင်းဌာနကရရှိခဲ့တဲ့အီးမေးမှာ မစ္စ ကင်ဘာလီ ချီတဲလ်က ပြောပါတယ်။ အစိုးရကိုစောင့်ကြည့်ရေး အောက်လွှတ်တော်ကော်မီတီရဲ့ ကြားနာပွဲမှာ တနင်္လာနေ့က သွားရောက်အမေးအမြန်းခံပြီး နောက်တရက်မှာ ခုလို နုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးနေတာမို့ ဘာကြောင့် ခုလို လုံခြုံရေးလစ်ဟာခဲ့ရတယ်ဆိုတာကို ကြားနာပွဲမှာ ဖြေဆိုဖို့ ငြင်းဆိုခဲ့တာကြောင့် လွှတ်တော်အမတ်တွေနဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ရီပါဘလီကန် အောက်လွှတ်တော် အမတ် Nancy Mace က ကြားနာပွဲမှာပဲ နုတ်ထွက်စာကို အကြမ်းရေးသွားဖို့ ပြောခဲ့တာကိုလည်း မစ္စ ကင်ဘာလေ က အဲဒီတုန်းက ငြင်းဆိုခဲ့ပါသေးတယ်။

အမေရိကန် အဆင့်မြင့်လုံခြုံရေးဌာနအကြီးအကဲ ရာထူးကအနားယူ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG