သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးညီညွတ်ကြဖို့ သမ္မတ Biden တိုက်တွန်း


အမေရိကန်သမ္မတ Joe Biden ကအိမ်ဖြူတော် Roosevelt ခန်းမကနေ ဒုသမ္မတ ဟားရစ်နဲ့ ရှေ့နေချုပ် Merrick Garland တို့နဲ့အတူ သမ္မတဟောင်း ထရမ့်သေနတ်ပစ်ခံရမှုနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၁၄၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden ကအိမ်ဖြူတော် Roosevelt ခန်းမကနေ ဒုသမ္မတ ဟားရစ်နဲ့ ရှေ့နေချုပ် Merrick Garland တို့နဲ့အတူ သမ္မတဟောင်း ထရမ့်သေနတ်ပစ်ခံရမှုနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၁၄၊ ၂၀၂၄)

လုပ်ကြံသတ်ဖြတ်မှုဆိုတာဟာ အမေရိကန်ရဲ့ရပ်တည်ချက်နဲ့ကွဲလွဲပြီး အခုအချိန်မှာ အားလုံးညီညွတ်တာထက် ဘာမှအရေးမကြီးဘူးလို့ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။ သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ ကြိုးပမ်းမှုဖြစ်ပြီး နောက်တနေ့ တနင်္ဂနွေနေ့မှာ နိုင်ငံအဝန်းကို သမ္မတ Biden က မိန့်ခွန်းပြောပြီး အခုလို အကြမ်းဖက်မှုမှန်သမျှကို လက်ခံလို့မရဘူးလို့ ပြောသွားပါတယ်။

မတူကွဲပြားမှုတွေရှိကြမယ်၊ ငြင်းခုံကြမယ်၊ ဒါပေမယ့် အခုလိုအချိန်မှာတော့ အမေရိကန်တွေအားလုံး ညီညွတ်ကြရမယ်လို့ သမ္မတ Biden က တိုက်တွန်းသွားပါတယ်။ သမ္မတဟောင်း Trump ကိုလုပ်ကြံဖို့ ကြိုးပမ်းမှုဖြစ်ပြီး ညမှာပဲ သမ္မတ Biden အနေနဲ့ Trump ကို ဆက်သွယ်စကားပြောဆိုခဲ့ပြီး အချိန်တိုတောင်းပေမယ့် နှစ်ဘက်ကောင်းမွန်တဲ့ပြောဆိုမှုဖြစ်ခဲ့တယ်လို့ သမ္မတ Biden က ပြောပါတယ်။

အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ FBI ဖယ်ဒရယ်စုံစမ်းရေးဗျူရိုက ဦးဆောင်စုံစမ်းစစ်ဆေးနေပြီး သေနတ်သမားဘယ်သူဆိုတာသိပေမယ့် ဘာကြောင့် သူအဲလိုလုပ်လဲဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ စုံစမ်းနေဆဲပဲလို့ဆိုပါတယ်။ သမ္မတဟောင်း Trump ရဲ့ လုံခြုံရေးကိုအပြည့်အဝဆောင်ရွက်ပေးဖို့နဲ့ လာမယ့် ရီပတ်ဘလစ်ကန်ပါတီညီလာခံရဲ့ လုံခြုံရေးအစီအမံတွေကို အသေအချာဆောင်ရွက်ဖို့ Secret Service အဆင်မြင့်လုံခြုံရေးအဖွဲ့ကို ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားတဲ့အဖြစ်အပျက်နဲ့ဆက်နွယ်လို့ နိုင်ငံလုံခြုံရေးကို သီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။ မိန့်ခွန်းရဲ့ အဓိကကတော့ တနိုင်ငံလုံး ညီညွတ်ကြဖို့ တိုက်တွန်းတဲ့မိန့်ခွန်းလို့ ပြောရမှာပါ။

Forum

XS
SM
MD
LG