သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီးသစ် အရှေ့အလယ်ပိုင်းဒေသရောက်ရှိ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဒီကနေ့ တနင်္ဂနွေနေ့မှာ အစ္စရေးလ်နိုင်ငံကို ရောက်ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြုခံရပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ် အတွင်း ဆော်ဒီအာရေးဗျကနေ အစ္စရေးကို သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတူ လိုက်ပါသွားတဲ့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ အကြီးတန်း နိုင်ငံရေး အကြံပေး Brian Hook ကတော့ အီရန်ရဲ့ ဒုံးကျည် အစီအစဉ်တွေ အားလျော့သွားစေရေး ဥရောပ မဟာမိတ်တွေနဲ့ တခြားနိုင်ငံတွေကပါ အီရန် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

အီရန်ရဲ့ ဒုံးကျည် အစီအစဉ်တွေနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေ လုပ်ငန်းကြီးတွေကို ကမ္ဘာတလွှား နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြဖို့ တိုက်တွန်းတဲ့ အကြောင်း၊ ဥရောပ နိုင်ငံတွေနဲ့လည်း ဒီကိစ္စကို အဓိကထား ဆွေးနွေယ်လို့ ဆော်ဒီအာရေးဗျ နိုင်ငံ မြို့တော် ရီးယဒ်မှာ မစ္စတာ Hook က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အီရန် အရေး အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ မဟာမိတ်တွေကို ရှင်းပြမယ်လို့ ခန့်မှန်းထားတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ သုံးရက်ကြာ ခရီးစဉ် အတွင်းမှာတော့ ဂျော်ဒန်နိုင်ငံကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG