သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်း ခရီးထွက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

မကြာခင် ရက်ပိုင်းအတွင်းကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သွားတဲ့ Mike Pompeo ဟာ ဒီကနေ့ စနေနေ့မှာပဲ အရှေ့အလယ်ပိုင်း ဒေသခရီးစဉ်ကို စတင်လိုက်ပါတယ်။ ဒီမတိုင်ခင်မှာတော့ မစ္စတာ ပွန်ပီယို ဒီရာထူး စယူူပြီးနောက် ပထမဆုံး သံတမန်ခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ နေတိုးခေါ် မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သွားတက်ရာက်ခဲ့ပါတယ်။

သုံးရက်ကြာမယ့် အခုခရီးစဉ်မှာတော့ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နဲ့ အစ္စရေးနိုင်ငံတို့ကို ဝင်ရောက်မှာဖြစ်ပြီး အီရန်နိုင်ငံနဲ့ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ မူဝါဒကို အမေရိကန်ရဲ့အဲဒီ မဟာမိတ်နိုင်ငံတွေကို ပြောပြမှာဖြစ်ပါတယ်။

အီရန်နိုင်ငံဆိုင်ရာ နျူကလီယား သဘောတူညီမှုကနေ အမေရိကန်နုတ်ထွက်ဖို့ သမ္မတထရမ့်က ဆုံးဖြတ်ချက်မချရသေးဘဲ ဆက်ပြီး ဆွေးနွေးညှိနှိုင်းနေကြောင်း မစ္စတာပွန်ပီယို သောကြာနေ့ကပဲ ပြောသွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ပွန်ပီယိုက ဆိုပါတယ်။ ဒီအရှေ့အလယ်ပိုင်း ခရီးစဉ်မှာလည်း အီရန် နျူကလီယားကိစ္စကို ထိပ်ဆုံးမှာထား ဆွေးနွေးဖို့ရှိတယ်လို့ သူကပဲ ပြောသွားပါတယ်။

နိုင်ငံတကာသတင်းတွေမှာ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရန်အရေးကိစ္စတွေ ထိပ်တန်းရောက်နေချိန်မှာ အမေရိကန်ရဲ့ ရပ်တည်မှု ဘယ်လို အနေအထားမှာ ရှိလဲဆိုတာ သိနိုင်ဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတွေက ဝန်ကြီး ပွန်ပီယိုရဲ့ ပထမဆုံး သီတင်းပတ်ကို သေချာ စောင့်ကြည့်နေကြဖို့ရှိပါတယ်။ မစ္စတာ ပွန်ပီယိုဟာ သူ့အရင်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Rex Tillerson နဲ့ယှဉ်ရင်တော့ အီရန်အစိုးရအပေါ်မှာ ပိုပြီး သဘောထား တင်းတင်းမာမာ ရှိသူလို့ သုံးသပ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG