သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝန္ႀကီး Pompeo ရဲ႕ တူရကီခရီးစဥ္ ဘာသာေရးလြတ္လပ္ခြင့္အေရး ဦးစားေပး


တူရကီႏိုင္ငံ ေရာက္ရွိေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ((ႏိုဝင္ဘာ ၁၆-၂၀၂၀)

တူရကီႏိုင္ငံ အီစတန္ဘူလ္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က တူရကီ တာဝန္ ရွိသူေတြနဲ႔ တရားဝင္ ေတြ႕ဆုံ ေဆြးေႏြးပြဲေတြ မလုပ္ဘဲ ဘာသာေရး လြတ္လပ္ခြင့္ ကိစၥကိုသာ ဦးစားေပး လုပ္ ေဆာင္သြားဖို႔ ရွိေန ပါတယ္။

(ZAWGYI/UNICODE)
အဂၤါေန႔က တူရကီႏိုင္ငံ အီစတန္ဘူလ္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က တူရကီ တာဝန္ ရွိသူေတြနဲ႔ တရားဝင္ ေတြ႕ဆုံ ေဆြးေႏြးပြဲေတြ မလုပ္ဘဲ ဘာသာေရး လြတ္လပ္ခြင့္ ကိစၥကိုသာ ဦးစားေပး လုပ္ ေဆာင္သြားဖို႔ ရွိေန ပါတယ္။ တူရကီ အစိုးရကေတာ့ ဒါဟာ မဆိုင္တဲ့ ကိစၥတစ္ခုလို႔ ေျပာပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ တူရကီ သမၼတ Recep Tayyip Erdogan တို႔အၾကား ပုဂၢိဳလ္ေရးအရ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေပမဲ့ အေမရိကန္နဲ႔ မဟာဗ်ဴဟာက်တဲ့ ေနတိုး မဟာမိတ္ တူရကီ ႏိုင္ငံတို႔အၾကား ႏွစ္ႏိုင္ငံ ဆက္ဆံေရးမွာေတာ့ တင္းမာမႈေတြ ရွိတာပါ။

ဧဝံေဂလိ ခရစ္ယာန္တစ္ဦးျဖစ္တဲ့ ဝန္ႀကီး Pompeo က ဂရိ ေအာ္သိုေဒါက္ ဘုန္းေတာ္ႀကီးနဲ႔ ေတြ႕ဆုံဖို႔ သြားေရာက္တဲ့ အခ်ိန္မွာ တူရကီလူမ်ိဳး အေယာက္ ၂၀ - ၃၀ ေလာက္က ဝန္ႀကီး Pompeo ကို ေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။ ဇူလိုင္လတုန္းက တူရကီႏိုင္ငံက Hagia Sophia ေရွးေဟာင္း အထိမ္းအမွတ္ အေဆာက္အဦးႀကီးကို ပလီအျဖစ္ ေျပာင္းလဲ ပစ္ခဲ့ တာေၾကာင့္ Pompeo က သမၼတ Erdogan ကို လူသိရွင္ၾကား ေဝဖန္ထားသူ ျဖစ္ပါတယ္။ အေမရိကန္တို႔ အေနနဲ႔ တူရကီ ႏိုင္ငံအတြင္းက ဘာသာေရး ယုံၾကည္မႈဆိုင္ရာ ကိစၥကို မေျပာ ၾကားခင္ ကိုယ့္ႏိုင္ငံအေရးကိစၥ ကိုယ္ေျဖရွင္းဖို႔ ႀကိဳးစားသင့္တယ္လို႔ Pompeo ရဲ႕ ခရီးစဥ္ မတိုင္ခင္မွာ တူရကီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


ဝန်ကြီး Pompeo ရဲ့ တူရကီခရီးစဉ် ဘာသာရေးလွတ်လပ်ခွင့်အရေး ဦးစားပေး
(UNICODE)
အင်္ဂါနေ့က တူရကီနိုင်ငံ အီစတန်ဘူလ်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တူရကီ တာဝန် ရှိသူတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးပွဲတွေ မလုပ်ဘဲ ဘာသာရေး လွတ်လပ်ခွင့် ကိစ္စကိုသာ ဦးစားပေး လုပ် ဆောင်သွားဖို့ ရှိနေ ပါတယ်။ တူရကီ အစိုးရကတော့ ဒါဟာ မဆိုင်တဲ့ ကိစ္စတစ်ခုလို့ ပြောပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့အကြား ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပေမဲ့ အမေရိကန်နဲ့ မဟာဗျူဟာကျတဲ့ နေတိုး မဟာမိတ် တူရကီ နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးမှာတော့ တင်းမာမှုတွေ ရှိတာပါ။

ဧဝံဂေလိ ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ဝန်ကြီး Pompeo က ဂရိ အော်သိုဒေါက် ဘုန်းတော်ကြီးနဲ့ တွေ့ဆုံဖို့ သွားရောက်တဲ့ အချိန်မှာ တူရကီလူမျိုး အယောက် ၂၀ - ၃၀ လောက်က ဝန်ကြီး Pompeo ကို အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လတုန်းက တူရကီနိုင်ငံက Hagia Sophia ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦးကြီးကို ပလီအဖြစ် ပြောင်းလဲ ပစ်ခဲ့ တာကြောင့် Pompeo က သမ္မတ Erdogan ကို လူသိရှင်ကြား ဝေဖန်ထားသူ ဖြစ်ပါတယ်။ အမေရိကန်တို့ အနေနဲ့ တူရကီ နိုင်ငံအတွင်းက ဘာသာရေး ယုံကြည်မှုဆိုင်ရာ ကိစ္စကို မပြော ကြားခင် ကိုယ့်နိုင်ငံအရေးကိစ္စ ကိုယ်ဖြေရှင်းဖို့ ကြိုးစားသင့်တယ်လို့ Pompeo ရဲ့ ခရီးစဉ် မတိုင်ခင်မှာ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနကကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG