(Zawgyi / Unicode)
အေမရိကန္ - ေတာင္ကိုရီးယား ပူးတြဲ စစ္ေရးေလ့က်င့္မႈကို ေရႊ႕ဆုိင္းလုိက္တယ္လို႔ ႏွစ္ႏိုင္ငံ တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာၾကားပါတယ္။
ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေစလိုတဲ့ ရည္ရြယ္ခ်က္အတြက္ ဒီလိုဆုံးျဖတ္ရတာလို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က ေျပာပါတယ္။
ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ ေရႊ႕ဆုိင္းလုိက္တယ္လို႔ ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမဳိ႕မွာ က်င္းပတဲ့ အာရွ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ေၾကညာခဲ့တာပါ။
ဒီေၾကညာခ်က္ထြက္ၿပီး သိပ္မၾကာခင္မွာပဲ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးရဲ႕ ျပင္းထန္တဲ့ ေဝဖန္ခ်က္ ထြက္ေပၚခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ အႀကိမ္ ၂၀ ထက္မနည္း ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈ အႀကိမ္ႀကိမ္လုပ္ခဲ့တာေၾကာင့္ ေျမာက္ကိုရီးယားနဲ႔ပတ္သက္လို႔ အေကာင္းမျမင္သင့္ဘူးလို႔ ဂ်ပန္ဝန္ႀကီး Taro Kono က ေထာက္ျပပါတယ္။
အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ၂ ႏိုင္ငံ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ကိုရီးယားစစ္ပြဲ ၿပီးဆုံးခ်ိန္ ၁၉၅၅ ကစၿပီး ႏွစ္စဥ္ျပဳလုပ္လာခဲ့တာ ျဖစ္ၿပီး အခုခ်ိန္ ေတာင္ကိုရီးယားႏိုင္ငံမွာ အေမရိကန္ တပ္ဖြဲ႔ဝင္ေပါင္း ၂၈,၅၀၀ ရွိေနပါတယ္။
--------------------------------
(Unicode)
ကန်-တောင်ကိုရီးယား ပူးတွဲစစ်လေ့ကျင့်မှု ရပ်ဆိုင်း
အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်အတွက် ဒီလိုဆုံးဖြတ်ရတာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာရှ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ကြေညာခဲ့တာပါ။
ဒီကြေညာချက်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဂျပန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြင်းထန်တဲ့ ဝေဖန်ချက် ထွက်ပေါ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အကြိမ် ၂၀ ထက်မနည်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အကြိမ်ကြိမ်လုပ်ခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အကောင်းမမြင်သင့်ဘူးလို့ ဂျပန်ဝန်ကြီး Taro Kono က ထောက်ပြပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကိုရီးယားစစ်ပွဲ ပြီးဆုံးချိန် ၁၉၅၅ ကစပြီး နှစ်စဉ်ပြုလုပ်လာခဲ့တာ ဖြစ်ပြီး အခုချိန် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၂၈,၅၀၀ ရှိနေပါတယ်။