သုံးရလွယ်ကူစေသည့် Link များ

ကန် အကူအညီနဲ့ တောင်ကိုရီးယား ဒုံးခွင်းဒုံး တည်ဆောက်မည်


အမေရိကန်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Thomas Vandal နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဒုဝန်ကြီး Ryu Je-seung။ (ဇူလိုင် ၈၊ ၂၀၁၆)

မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ဖို့ ဆက်ကြိုးစားနေတာကို တန်ပြန်ဖို့ ရည်ရွယ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ THAAD လို့ အတိုကောက် ခေါ်တဲ့ ဒုံးခွင်းဒုံးစနစ်ကို ချထားမယ့်အစီအစဉ်တွေကို အမေရိကန်နဲ့ တောင်ကိုရီးယားက ကြေညာလိုက်ပါတယ်။

သောကြာနေ့က ဆိုးလ်မြို့တော်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း - ကိုရီးယားမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Thomas Vandal နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဒုဝန်ကြီး Ryu Je-seung တို့က တရားဝင်ကြေညာခဲ့တာပါ။

နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ် ပေးထားတဲ့ ကတိတွေကို ဖောက်ဖျက်ပြီး - ပဲ့ထိန်းဒုံးကျည်တွေနဲ့ အစုလိုက်အပြုံလိုက် ထိခိုက်သေကျေစေနိုင်တဲ့ လက်နက်တွေကို မြောက်ကိုရီးယားက ဆက်လက် တည်ဆောက်နေတာကြောင့်၊ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်ရာမှာ ကိုယ့်ကိုယ့်ကို ခုခံနိုင်စွမ်းရှိဖို့ လိုအပ်တဲ့အကြောင်း - ဗိုလ်ချုပ်ကြီး Vandal က ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီလက - မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျူကလီးယားစမ်းသပ်မှုနဲ့ ပဲ့ထိန်းဒုံးကျည်စနစ် အသုံးပြုပြီး တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ခဲ့ပြီး နောက်ပိုင်းမှာပဲ - THAAD ဒုံးခွင်းဒုံးစနစ်ကို ချထားရေး ဖြစ်နိုင်ချေ အလားအလာတွေကို ဆွေးနွေးဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား တရားဝင် ညှိနှိုင်းပြောဆိုဆွေးနွေး မှုတွေကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG