သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရန် ကာကွယ်မယ့် ဒုံးခွင်းစနစ် အမေရိကန်နဲ့ တောင်ကိုရီးယား ကြေညာ


မြောက်ကိုရီးယား ဒုံးပစ်လွှတ်စဉ်။ ( ဇွန် ၂၃၊ ၂၀၁၆)
မြောက်ကိုရီးယား ဒုံးပစ်လွှတ်စဉ်။ ( ဇွန် ၂၃၊ ၂၀၁၆)

မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ ဆက်လုပ်နေတာကို တန်ပြန်ဖို့အတွက် ကိုရီးယားကျွန်းဆွယ် မှာ THAAD လို့အတိုကောက်ခေါ်တဲ့ Terminal High-Altitude Area Defense ဒုံးခွင်းဒုံးစနစ်ကို ချထားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြေညာလိုက်ပါတယ်။

ကိုရီးယားနိုင်ငံက အမေရိကန်တပ်ဖွဲ့တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Thomas Vandal နဲ့ တောင်ကိုရီးယား ဒုတိယကာကွယ်ရေး ဝန်ကြီး Ryu Je-seung တို့ ဆိုးလ်မြို့တော်မှာ ဒီကနေ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရားဝင်ကြေညာသွားတာပါ။

မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ကတိကဝတ်ပြုထားတာတွေနဲ့ ဆန့်ကျင်ပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပျက်စီး သေဆုံးမှု အများအပြားဖြစ်စေတဲ့ လက်နက်တွေကို ဆက်ပြီး ထုတ်လုပ်နေတာကြောင့် ဒီခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်တာမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ကျနော်တို့ မဟာမိတ်တွေကို အာမခံချက်ပေးဖို့ လိုပါတယ်လို့ ဗိုလ်ချုပ်ကြီး Vandal ကပြောပါတယ်။

ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တာ၊ ပဲ့ထိန်းဒုံးကျည်နည်းပညာကိုသုံးပြီး တာဝေးပစ် ဒုံးယာဉ် ပစ်လွှတ်စမ်းသပ်တာတွေ လုပ်ပြီးတဲ့နောက် THAAD ဒုံးခွင်းဒုံးစနစ်ကို ချထားဖို့ ဖြစ်နိုင်ခြေအလားအလာတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား တရားဝင် စပြီး ညှိနှိုင်း တိုင်ပင်ခဲ့ကြတာပါ။

THAAD ဒုံးခုံးဒွင်းစနစ်ဟာ တဘက်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို လမ်းခုလတ်မှာတင် ကြားဖြတ် ဖျက်ဆီးနိုင်တဲ့စနစ်ပါ။ အခုချိန်ထိဆိုရင် တာတိုနဲ့ တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်း ရှိတယ်ဆိုတာ သရုပ်ဖော်ပြသထားပြီးသားဖြစ်ပါတယ်။

XS
SM
MD
LG