သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် ဘဏ္ဍာရေးအရ အမေရိကန် ထပ်မံ တင်းကျပ်မည်


မြောက်ကိုရီးယား ငွေစက္ကူ။
မြောက်ကိုရီးယား ငွေစက္ကူ။

ကမ္ဘာ့ငွေကြေးစနစ်ကို မြောက်ကိုရီးယားနိုင်ငံ အသုံးမပြုနိုင်အောင် ထပ်ပြီး ကန့်သတ်တဲ့ အနေနဲ့ ကမ္ဘာတဝှမ်း ငွေကြေး ခဝါချမှုဆိုင်ရာ စိုးရိမ်ရတဲ့ နိုင်ငံတနိုင်ငံ အဖြစ် သတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်လိုက် တာကို တောင်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ဒါဟာ နျုကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယား အပေါ် ပြင်းပြင်းထန်ထန် အရေးယူရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၂ရဝ) ကို အမေရိကန်ပြည်ထောင်စုဘက်က အခိုင်အမာ လိုက်နာဆောင်ရွက်မယ် ဆိုတဲ့ သဘောထားကို ထင်ဟပ် ပြလိုက်တာပဲ လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Cho June-Hyuck က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ်စနစ်ထဲမှာ မြောက်ကိုရီးယားက တိုက်ရိုက် ဒါမှမဟုတ်၊ သွယ်ဝိုက် ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူမှုအသစ်တွေ အဆိုပြုလိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဒီအတောအတွင်း မကြာသေးခင်က မြောက်ကိုရီးယားရဲ့ မအောင်မြင်ခဲ့တဲ့ မစ်ဇိုင်းဒုံးကျည် စမ်းသပ်မှုဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်တာလို့ ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နောက်ထပ် အလားတူ လုပ်ရပ်မျိုးတွေ မလုပ်နိုင်အောင် အရင်က အရေးယူထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်နိုင်ရေး နှစ်ဆတိုး လုပ်ဆောင်ဖို့ လည်း လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG