သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပစ်ခတ်မှု ၇ ဦး သေဆုံး


ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဆေးနေသည့် တက္ကဆက်ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၁၊ ၂၀၁၉)
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဆေးနေသည့် တက္ကဆက်ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၁၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Odessa မြို့မှာ စနေနေ့က လူ ၇ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုမှာ သေနတ်သမားဟာ တကိုယ်တော် လုပ်ခဲ့ပုံရပြီး နိုင်ငံတကာ ဒါမှမဟုတ် ပြည်တွင်းက အကြမ်းဖက်အုပ်စုတွေနဲ့ ဘာမှ ပတ်သက်ဆက်စပ်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ပြောပါတယ်။

သေနတ်သမားဟာ အသက် ၃၆ နှစ်အရွယ် Saen Ator ဖြစ်ပါတယ်။ သူ့ကို ရဲတွေက အသေပစ်ခတ်ဖမ်းဆီးမှုမတိုင်ခင် Sean Ator ဟာ စာပို့ကားတစီးကို အပိုင်စီးခဲ့ပြီးနောက် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ခဲ့ပြီး လမ်းပေါ်က ကားတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်သမားလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ လူတွေထဲမှာ ဆယ်ကျော်သက်အရွယ် တဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေထဲ သေနတ်ကျည်ဆန် ထိမှန်ခဲ့တဲ့ ၁၇ လအရွယ် မိန်းကလေးတဦးဆိုရင် လျှာနဲ့နှုတ်ခမ်း ပေါက်ထွက်သွားခဲ့ပြီး ကလေးရဲ့ သွားအများအပြားလည်းကျွတ်ထွက်ခဲ့ပါတယ်။

သေနတ်သမားအနေနဲ့ ဘာကြောင့်ပစ်ခတ်ခဲ့သလဲဆိုတာ ရည်ရွယ်ချက်ကို အခုချိန်ထိ မသိရသေးပေမယ့် သေနတ်သမားဟာ တကိုယ်တော်လှုပ်ရှားခဲ့တာကတော့ သေချာကြောင်း မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Michael Gerke က တနင်္ဂနွေနေ့က ပြောပါတယ်။

စနေနေ့က သေနတ်သမားဟာ အဝေးပြေးလမ်းပေါ်မှာ ကားမောင်းနေစဉ် ဘယ်ဘက်လမ်းအကွေ့ မီးမပြခဲ့တဲ့အတွက် ကားကိုရပ်ဖို့ ပြည်နယ်ရဲတပ်ဖွဲ့ကားက နောက်ကနေလိုက်ပြီး အချက်ပေးရာမှာ သူက ကားအနောက်မှန်ကနေတဆင့် ရိုင်ဖယ်သေနတ်နဲ့ ရဲကားကို ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိတဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် သေနတ်သမားဟာ သူ့ကားကိုရပ် ပြေးထွက်ပြီးနောက် စာပို့ကားကို ခိုးယူ မောင်းနှင်ခဲ့ပြီး လမ်းတလျှောက် မြင်သမျှကားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ နောက်ဆုံး လမ်းထောင့် ရုပ်ရှင်ရုံတွေရှိနေတဲ့ ကားပါကင်နေရာမှာ ရဲတွေက သူ့ကို ပိတ်ဆို့ပစ်ခတ်ပြီး အသေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သေနတ်သမားဟာ ရုပ်ရှင်ရုံမှာရှိနေတဲ့ လူတွေကိုလည်း သေနတ်နဲ့ပစ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ပုံရတယ်လို့ ရဲအရာရှိက ပြောပါတယ်။

အခုနောက်ဆုံး ပစ်ခတ်မှုမတိုင်ခင် လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း လူပေါင်းများစွာ သေဆုံးခဲ့တဲ့ ပစ်ခတ်မှု အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ခဲ့တာပါ။ Texas ပြည်နယ် El paso မြို့ Walmart ကုန်တိုက်နဲ့ တနေ့တည်းမှာပဲ Ohio ပြည်နယ် Dayton မြို့က သေနတ်နဲ့ ပစ်ခတ်မှုတွေမှာ လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

Texas ပစ်ခတ်မှု ၇ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG