သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်စ်ပစ်ခတ်မှု ၂၆ ယောက်ထက်မနည်းသေဆုံး


သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Sutherland Springs မြို့က First Baptist ဘုရာကျောင်း

အမေရိကန်ပြည်ထောင်စုမှာ လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်မှု နောက်တကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၆ ယောက် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ပစ်ခတ်မှုဟာ Taxas ပြည်နယ်အတွင်းက မြို့ငယ်လေးတမြို့ရဲ့ ဘုရားရှစ်ခိုးကျောင်း ထဲမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။

San Antonio မြို့ကနေ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ Sutherland Springs မြို့က First Baptist ဘုရာကျောင်းအတွင်း ဝတ်ပြုဆုတောင်းပွဲကျင်းပနေချိန်မှာ သေနတ်သမားက လူတွေကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် တဦးပါဝင်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာကို ရဲနဲ့လူနာတင်ယာဉ်တွေ အလျှင်အမြန်သွားရောက်ခဲ့ကြပြီး FBI အဖွဲ့ကကျွမ်းကျင်သူတွေ တခြားတာဝန်ရှိသူတွေ ပူးတွဲပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ Sutherland Springs မြို့ဟာ လူဦးရေ ၆၀၀ လောက်သာရှိတဲ့ မြို့ငယ်လေးတမြို့ဖြစ်ပါတယ်။

အာရှ ၅ နိုင်ငံ ခရီးစဉ်ရဲ့ ပထမခရီးတထောက် အဖြစ် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့် က သူ့အနေနဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း Sutherland Springs ပြည်သူတွေနဲ့ အတူ ဘုရားသခင်ရှိနေပါစေလို့ တွီတာလူမှုကွန်ယက်ပေါ်မှာ ရေးသားလိုက်ပါတယ်။

ဘုရားကျောင်းက အပတ်စဉ် ဝတ်ပြုပွဲအစီအစဉ် ကို ယူကျူ့ အင်တာနက်ပေါ်ကနေ ထုတ်လွှင့်ကြောင်း၊ ဒါကြောင့် ပစ်ခတ်သတ်ဖြတ်နေတာကို ကင်မရာနဲ့ မှတ်တမ်းတင် ထားဖွယ်ရှိတယ်လို့ မီဒီယာတွေမှာ ဖေါ်ပြကြပါတယ်။

သေနတ်သမားဟာ ဘယ်လိုအကြောင်းနဲ့ အခုလိုပစ်ခတ်ရတယ်ဆိုတာ မသိရသေးဘူးလို့ FBI ကပြောပါတယ်။

တက္ကဆက်စ်ပစ်ခတ်မှု ၂၆ ယောက်ထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG