သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေဆိပ်တွေမှာ လျှပ်စစ်ပစ္စည်း ယူဆောင်ခွင့်စည်းမျဉ်းတင်းကြပ်


အမေရိကန် လေဆိပ်တွေမှာ လေယာဉ်စီးမယ့် ခရီးသည်တွေ ကိုယ်နဲ့အတူ သယ်ယူတဲ့ လျှပ်စစ်ပစ္စည်းတွေထဲက ဆဲလ်ဖုန်းထက် ကြီးတဲ့ ပစ္စည်းတွေအားလုံးကို သီးခြား စစ်ဆေးခံရမယ်လို့ညွှန်ကြားချက် ထုတ်ပြီး အမေရိကန် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ လုံခြုံရေးဌာန TSA က လုံခြုံရေး လုပ်ဆောင်ချက်တွေကို တိုးမြှင့်လိုက်ပါတယ်။

ခရီးသွားတွေ အနေနဲ့ ဆဲလ်ဖုန်းထက်ကြီးတဲ့ လျှပ်စစ်ပစ္စည်းတွေကို အိတ်ထဲကနေ ထုတ်ပြီး ပလတ်စတစ်ခြင်းထဲမှာ ကိုယ်တိုင် ထည့်ပြီးတော့ လုံခြုံရေး စစ်ဆေးခံဖို့ တာဝန်ရှိသူတွေက ပြောမှာဖြစ်တယ်လို့ TSA က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဒါဟာ လက်ပ်တော့ပ် ကွန်ပြူတာ အများစုကို စစ်ဆေးတဲ့ နည်းလမ်းနဲ့ အလားတူ ဖြစ်ပါတယ်။

ဒီလိုလုပ်ရတာဟာ လေကြောင်းသွားလာမှု လုံခြုံရေးပိုင်းမှာ ခြိမ်းခြောက်မှု ပိုတိုးလာတာကြောင့် ဖြစ်တယ်လို့ TSA က ပြောပါ တယ်။ ဒါပေမယ့်လည်း လုံခြုံရေးပိုင်း စစ်ဆေးမှု ကြိုတင်ခံယူ ထားသူတွေ အတွက်တော့ ဒီသတ်မှတ်ချက်က အကျူံးမဝင်ပါဘူး။

အခု သတ်မှတ်ချက် အသစ်ကြောင့် လက်ပ်တော့ပ် ကွန်ပြူတာကို အိမ်မှာထားခဲ့ပြီး တက်ဘ်လက်တ်ကိုပဲ ယူသွားဖို့လိုတဲ့ အားသာ ချက်တခုလည်း ပျောက်သွားမှာပါ။ အရင်တုန်းကဆိုရင် အရွယ်သေးတဲ့ လျှပ်စစ်ပစ္စည်းတွေကို ကိုယ်နဲ့အတူ သယ်ယူမယ့် အိတ်ထဲက နေ ထုတ်ပြီး စစ်ဆေးခံဖို့ မလိုခဲ့ပါဘူး။

တက်ဘ်လက်တ်တွေကို လုံခြုံရေးပိုင်း စစ်ဆေးတဲ့ ကနဦး စမ်းသပ်လုပ်ငန်းကို အမေရိကန် လေဆိပ် ၁၀ ခုမှာ ပြီးခဲ့တဲ့ မေလက စလုပ်ခဲ့ ပြီးတဲ့နောက် အောင်မြင်မှု ရတဲ့အတွက် လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း တနိုင်ငံလုံးမှာ လုပ်ဖို့ စီစဉ်ထားတာလို့ TSA က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG