သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရုရှားစစ်လေယာဉ် (၄) စင်း အမေရိကန် လေပိုင်နက်အနီးဝင်ရောက်ခဲ့ (ကန်စစ်တပ်)


အမေရိကန်ပြည်ထောင်စု၊ အလက်စကားပြည်နယ်နားမှာ ပျံသန်းလာခဲ့တဲ့ ရုရှား Tu-142 အမျိုးအစားလေယာဥ်ကို မြောက်အမေရိကန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပုံ။ (မတ်လ ၉၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု၊ အလက်စကားပြည်နယ်နားမှာ ပျံသန်းလာခဲ့တဲ့ ရုရှား Tu-142 အမျိုးအစားလေယာဥ်ကို မြောက်အမေရိကန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပုံ။ (မတ်လ ၉၊ ၂၀၂၀)

တနင်္ဂနွေနှောင်းပိုင်းနဲ့ တနင်္လာနေ့အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု အလက်စကားပြည်နယ်အနီးမှာ ရုရှားစစ်လေယာဉ် (၄) စင်းကို ခြေရာခံခဲ့ကြောင်း အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

“အလက်စကားပြည်နယ် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်” ထဲမှာ “ထောက်လှမ်း ခြေရာခံမိတာဖြစ်ကြောင်း” မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုအဖွဲ့ (NORAD) က ပြောပါတယ်။

“ရုရှားလေယာဉ်ဟာ နိုင်ငံတကာလေပိုင်နက်ထဲမှာ ကျန်ခဲ့ပြီး အမေရိကန် ဒါမှမဟုတ် ကနေဒါ အချုပ်အခြာအာဏာပိုင်လေပိုင်နက်ထဲကို မဝင်ခဲ့ဘူး” လို့ မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုအဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။ “အလက်စကားပြည်နယ် လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်” ထဲမှာ ရုရှားဘက်က ဒီလိုလှုပ်ရှားမှုတွေပုံမှန်ဖြစ်ပေါ်နေပြီး ဒါဟာ ခြိမ်းခြောက်အဖြစ်မရှုမြင်ကြောင်းဆိုပါတယ်။ ဒါပေမယ့် "မြောက်အမေရိက ဒေသကို ကာကွယ်ရေးမှာ တုံ့ပြန်မှုနည်းလမ်းအများအပြားကိုအသုံးပြုဖို့ အဆင်သင့်ပြင်ဆင်ထားတယ်" လို့ အမိန့်ထုတ်ပြန်ပါတယ်။

လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်ဆိုတာက နိုင်ငံလုံခြုံရေးအတွက် ဝင်လာတဲ့ လေယာဉ်အားလုံးကို အမျိုးအမည်ခွဲခြားပြီး တည်နေရာနဲ့ထိန်းချုပ်မှုကို သတ်မှတ်တဲ့ဇုန်ဖြစ်ပြီး ‘နိုင်ငံတွေရဲ့ အချုပ်အခြာပိုင်လေပိုင်နက်’ ဘေးမှာ ကပ်လျက်ရှိတဲ့ ‘အပြည်ပြည်ဆိုင်ရာ လေပိုင်နက်’ ဖြစ်ပါတယ်။

ဒီဇုန်ထဲမှာ ဒီနှစ်အတွင်း ရုရှားစစ်လေယာဉ်အများအပြား ဝင်ရောက်ပျံသန်းခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။

မေလတုန်းက အမေရိကန် F-16 နဲ့ F-22 တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ TU-95 ဗုံးကြဲလေယာဉ်တွေ၊ SU-35 ဂျက်တိုက်လေယာဉတွေနဲ့ IL-78 လေယာဥ်ဆီ တင် လေယာဥ်ကြီးတွေ ရုရှား လေယာဥ် (၆) စီးကို ကြားဖြတ်ဟန့်တားခဲ့ရပါတယ်။ အဲဒီနောက် ရက်သီတင်းပတ် အနည်းငယ်အကြာမှာလည်း နောက်ထပ် ရုရှားစစ်လေယာဉ်တစီးကို အလက်စကားပြည်နယ် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ထဲမှာ ခြေရာခံမိခဲ့ပါတယ်။ အလာစကားပြည်နယ်တဝိုက်မှာ အကြီးစား စစ်ရေးလေ့ကျင့်မှုအများအပြားပြုလုပ်ဖို့ စီစဉ်ထားချိန်မှာ အဲဒီလို လေကြောင်းပျံသန်းမှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီ အကြိမ်တွေတုန်းကလည်း ရုရှားလေယာဉ်တွေဟာ အမေရိကန် ဒါမှမဟုတ် ကနေဒါ အချုပ်အခြာပိုင် လေပိုင်နက်အတွင်းကို ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့ မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG