သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်အတွက် ရံပုံငွေရှာပေးတဲ့အဖွဲ့တွေကို ကန်ဒဏ်ခတ်

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံ။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနအဆောက်အအုံ။

အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာဟာမတ်စ် ရံပုံငွေကွန်ယက်ကို ပါလက်စတိုင်း စစ်သွေးကြွ တွေအတွက် ပြည်ပရံပုံငွေရှာဖွေရေးမှာ အဓိက အခန်းကဏ္ဍကပါဝင်နေတယ်လို့စွပ်စွဲပြီး တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဒါဟာဂါဇာစစ်ပွဲနှစ်ပတ်လည်အတွက် လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒဏ်ခတ်အရေးယူမှုကို လူပုဂ္ဂိုလ် ၃ ဦး၊ စာနာမှုအဖွဲ့အတုအယောင်လို့ဆိုထားတဲ့ ဟာမတ်စ်အတွက် နိုင်ငံတကငွေကြေးအထောက်အကူအဖွဲ့နဲ့ ဟာမတ်စ် ထိန်းချုပ်တယ်ဆိုတဲ့ဂါဇဦက Al-Intaj Bank တို့အပေါ်ချမှတ်လိုက်တာပါ။ ဒါတွေနဲ့အတူ တူရကီမှာနေထိုင်ပြီး ဟာမတ်စ်ကို ကာလရှည်ကြာထောက်ပံ့လာတဲ့ ယေမင်နိုင်ငံသားတဦးနဲ့ သူ့ရဲ့ စီးပွါးရေးလုပ်ငန်း ၉ ခုတို့လည်း အမေရိကန်ရဲ့ ဒဏ်ခတ်တဲ့အထဲမှာပါဝင်ပါတယ်။

ဟာမတ်စ်ဟာ ဂါဇာမှာ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး ကူညီထောက်ပံ့ရေးအလှူရှင်အဖွဲ့ အတုအယောင်တွေနဲ့ငွေတွေတောင်းခံနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီတလီ၊ ဂျာမနီနဲ့Austria အခြေစိုက် ဟာမတ်စ်ကိုယ်စားလှယ်တချို့လည်း အမေရိကန်ရဲ့ ဒဏ်ခတ်တဲ့အထဲပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဟာမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဟာမတ်စ်အတွက် ရံပုံငွေရှာပေးတဲ့အဖွဲ့တွေကို ကန်ဒဏ်ခတ်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG