သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းကို ကန်တပ်ဖွဲ့တချို့ ထပ်မံစေလွှတ်မည်


အီရန်ရဲ့ ခြိမ်းခြောက်နိုင်ဖွယ်ရှိတဲ့ အန္တရာယ်က ကာကွယ်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်တွေ ထပ်မံ စေလွှတ်မယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ တပ်တွေ ချထားတာဖြစ်တဲ့အကြောင်း Trump က VOA ကို ပြောပါတယ်။ မစ်ဆိုင်းအန္တရာယ်ကို ကာကွယ်နိုင်မယ့် Patriot ဒုံးစနစ်၊ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ရေး လေယာဉ်တွေ တိုးမြှင့်ချထားဖို့ စတဲ့ အားဖြည့်မှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်ဖွဲ့ကို ပင်တဂွန် စစ်ဌာနချုပ်က အားဖြည့်တပ်သားတွေ ပို့ပေးမယ့်အကြောင်း အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး Pat Shanahan က ပြောပါတယ်။

အနာဂတ်မှာ ပဋိပက္ခ ဖြစ်နိုင်တဲ့အလားအလာ လျော့နည်းလာဖို့ ရည်ရွယ်ပြီး တပ်သားတွေ ထပ်မံချထားတဲ့ အခုလို သင့်တော်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့က အရှေ့အလယ်ပိုင်းဒေသကို စောင့်ကြည့်တဲ့ အမေရိကန် စစ်ဌာနချုပ်ရဲ့ တာဝန်ဖြစ်ကြောင်း Shanahan က ဖြည့်စွက်ပြောဆိုပါတယ်။

နောက်ထပ်တပ်သား ၉၀၀ လောက်ကို စေလွှတ်မယ်လို့ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး Michael Gilday က သတင်းထောက်တွေကို ပင်တဂွန်စစ်ဌာနချုပ်မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG