သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂရက် ဆုံးဖြတ်ချက်ကို သမ္မတ Trump ဗီတိုနဲ့ တုံ့ပြန်


အမေရိကန် သမ္မတ Donald Trump (မတ်၊ ၁၅၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (မတ်၊ ၁၅၊ ၂၀၁၉)

အမေရိကန်နဲ့ မက္ကစီကို နယ်စပ်မှာ တံတိုင်းကာရံရေး အစိုးရ အသုံးစရိတ်ချပေးဖို့နဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က ငြင်းပယ်ခဲ့တဲ့ ကိစ္စနဲ့ အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားတာကို ကာကွယ်တဲ့ အနေနဲ့ သမ္မတဒေါ်နလ်ထရမ့်က ဗီတိုအာဏာကို ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ သူ့ရဲ့သမ္မတ သက်တမ်းအတွင်း ပထမဆုံးအကြိမ် အသုံးပြုတဲ့ ဗီတိုအာဏာလည်း ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်သလို သူ့အနေနဲ့လည်း ဗီတိုအာဏာကို သုံးရမယ့် တာဝန်ရှိတယ်လို့ အိမ်ဖြူတော်မှာ မနေ့ကပဲ သမ္မတထရမ့်က ပြောခဲ့တာပါ။

သူအခုလို ပြောတဲ့အချိန်မှာ သူ့ဘေးပတ်ပတ်လည်မှာ ရဲအရာရှိတွေ၊ အမေရိကန်မှာ တရားမဝင် နေထိုင်သူတွေက သတ်လို့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ ရှိနေပါတယ်။ လွှတ်တော်ရဲ့ လုပ်ရပ်က အန္တရာယ်လည်း ရှိသလို၊ မဆင်မခြင်လုပ်ရပ်လည်း ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

နယ်စပ်လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာချက် သမ္မတထရမ့်က ထုတ်ပြန်ပြီး အစိုးရ အသုံးစရိတ်လွှတ်တော်က ချပေးဖို့တောင်းဆိုချက်ကို ကြာသပတေးနေ့တုန်းက လွှတ်တော်က တရားဝင်ပယ် ချခဲ့ပါတယ်။ အထက်လွှတ်တော်မှာ သမ္မတရဲ့ တောင်းဆိုချက်ကို ကန့်ကွက်မဲ ၅၉မဲ၊ ထောက်ခံမဲ ၄၁မဲနဲ့ ပယ်ချခဲ့တာပါ။

ကန့်ကွက်ခဲ့ကြသူတွေထဲမှာ ရီပါဘလစ်ကန်ပါတီ အမတ် ၁၂ ဦးပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော်ကလည်း ဒါကို ပယ်ချထားတာပါ။ အခုလို သမ္မတထရမ့်က လွှတ်တော်ရဲ့ လုပ်ရပ်ကို ဗီတိုအာဏာထုတ်ပြီး ကန့်ကွက်ခဲ့တာကြောင့် ဒီကိစ္စက လွှတ်တော်ကို ပြန်ရောက်သွားပါလိမ့်မယ်။

ဒီတခါတော့ လွှတ်တော်မှာ သမ္မတရဲ့ ဗီတိုအာဏာကို ပယ်ချနိုင်ဖို့ ခက်ပါလိမ့်မယ်။ အထက်လွှတ်တော်ရော အောက်လွှတ်တော်ရော မဲသုံးပုံ ၂ ပုံရှိမှ သမ္မတရဲ့ ဗီတိုကို ကျော်လွှားနိုင်မှာပါ။

ကွန်ဂရက် ဆုံးဖြတ်ချက်ကို သမ္မတ Trump ဗီတိုနဲ့ တုံ့ပြန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG