သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့အရေးပေါ်အခြေအနေ ကြေညာချက် ဆီးနိတ် ပယ်ချ


မက်ဆီကိုနယ်စပ်မှာ နယ်စပ်တံတိုင်းကာရံရေးအတွက် ရန်ပုံငွေရဖို့လုပ်ဆောင်တဲ့ သမ္မတ Donald Trump ရဲ့ နိုင်ငံတော် အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့
မက်ဆီကိုနယ်စပ်မှာ နယ်စပ်တံတိုင်းကာရံရေးအတွက် ရန်ပုံငွေရဖို့လုပ်ဆောင်တဲ့ သမ္မတ Donald Trump ရဲ့ နိုင်ငံတော် အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့

အမေရိကန်တောင်ပိုင်းက မက်ဆီကိုနယ်စပ်မှာ နယ်စပ်တံတိုင်းကာရံရေးအတွက် ရန်ပုံငွေရဖို့လုပ်ဆောင်တဲ့ သမ္မတ Donald Trump ရဲ့ နိုင်ငံတော် အရေးပေါ် ကြေညာချက်ကို အမေရိကန်အထက်လွှတ်တော်က ကြာသပတေးနေ့မှာ ထောက်ခံမဲ ၄၁ မဲ၊ ကန့်ကွက်မဲ ၅၉ မဲနဲ့ ပယ်ချလိုက်ပါတယ်။ အောက်လွှတ်တော်ကတော့ ဒီအရေးပေါ်ကြေညာချက်ကို အရင်သီတင်းပတ်တွေ ကတည်းက ကန့်ကွက်ထားပါတယ်။

အခုလို ကန့်ကွက်မယ်ဆိုရင် သမ္မတရဲ့ ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခြိမ်းခြောက်မှုတွေနဲ့ သမ္မတအိမ်ဖြူရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ရီပတ်ဘလစ်ကင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ ဒီမိုကရက်တွေနဲ့ အတူ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် ၁၂ ဦးက ပူးပေါင်းပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အထက်လွှတ်တော် အနည်းစုအမတ်များခေါင်းဆောင် နယူးရောက်ပြည်နယ် ဒီမိုကရက်အမတ် Chuck Schumer ကတော့ အခုမဲပေးတာမှုဟာ ထူးခြားတယ်လို့ ပြောပါတယ်။ ဒါဟာ နိုင်ငံတော် အရေးပေါ်အခြေနေ ကြေညာချက်ကို အထက်လွှတ်တော်မှာ တရားဝင်ပထမဆုံး ကန့်ကွက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

Maine ပြည်နယ်က ရီပတ်ဘလစ်ကင်အမတ် Susan Collins ကတော့ အမေရိကန်နဲ့ မက်ဆီကို နယ်စပ်တလျှောက် လုံခြုံရေးး တိုးမြှုှင့်ဖို့ သမ္မတ Trump လုပ်ဆောင်မယ့်အချက်ကို သူထောက်ခံပေမယ့် လွှတ်တော်ကို ကျော်လွန်ပြီး လုပ်ဆောင်တာကိုတော့ မထောက်ခံဘူးလို့ ပြောပါတယ်။

သမ္မတရဲ့လုပ်ဆောင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာ ဖြစ်တဲ့ ရန်ပုံငွေချထားပေးရေး ဆိုင်ရာကို တိုက်ရိုက် ဆန့်ကျင်နေတယ် လို့ လည်းပြောပါတယ်။

XS
SM
MD
LG