သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ရဲ့ ကြော်ငြာ အမေရိကန်ရုပ်သံတွေ ဖော်ပြဖို့ငြင်းဆန်


အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ တီဗွီကြော်ငြာ။
အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ တီဗွီကြော်ငြာ။

အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရသက်တမ်း ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ တီဗွီကြော်ငြာကို အမေရိကန် ရုပ်သံဌာနကြီးတွေဖြစ်ကြတဲ့ ABC, CBS, NBC နဲ့ CNN တို့က ထုတ်လွှင့်ဖို့ ငြင်းဆန်လိုက်ကြပါတယ်။ ရုပ်မြင်သံကြား ဌာနတွေကို အခကြေးငွေပေးပြီး ထုတ်လွှင့်ရတဲ့ တီဗွီကြော်ငြာမှာတော့ နာမည်ကြီး ရုပ်သံတင်ဆက်သူတွေရဲ့ ပုံကြီးချဲ့ထားတဲ့ မျက်နှာပုံတွေပေါ်မှာ သတင်းအတုတွေလို စာသားနဲ့ ရေးသားထားပါတယ်။

သမ္မတ Trump ကတော့ သူနဲ့ သူ့အစိုးရကို ဝေဖန်တဲ့ သတင်းတွေကို သတင်းအတုအယောင်တွေအဖြစ် ရည်ညွှန်းသုံးနှုန်းလေ့ ရှိပါတယ်။ ရုပ်သံဌာနတွေကတော့ ကြော်ငြာဗွီဒီယိုဟာ မှန်ကန်ဆီလျော်မှု မရှိဘူးဆိုပြီး ထုတ်လွှင့်ဖို့ ငြင်းဆန်ခဲ့ကြတာပါ။ CNN နဲ့ NBC သတင်းဌာနတွေကတော့ သတင်းအတုတွေဆိုတဲ့ စာသားတွေကို ဖယ်ရှားပေးရင် ထုတ်လွှင့်ပေးမယ်လို့ ပြောဆိုခဲ့ကြပါတယ်။

CNN က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သတင်းမီဒီယာကြီးတွေဟာ သတင်းအတုအယောင်တွေကို ထုတ်လွှင့်တာ မဟုတ်တဲ့အတွက်၊ ကြော်ငြာကသာ အတုဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ သမ္မတ Trump ရဲ့ ချွေးမလည်းဖြစ် စည်းရုံးရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ Lara Trump ကတော့ သတင်းတွေကို ဘက်လိုက် ဖော်ပြနေတဲ့ CNN, ABC, CBS နဲ့ NBC ရုပ်သံဌာနတွေဟာ ကြော်ငြာကို ထည့်ဖို့ ငြင်းဆန်တာဟာ၊ အမေရိကန်မှာ မကြုံစဖူး ဆင်ဆာဖြတ်တောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အာမခံထားတဲ့ အမေရိကန် အခြေခံဥပဒေ ပြင်ဆင်ချက် အပိုဒ် ၁ ကို နိုင်ငံရေး သဘောထားတွေအတွက် လိုရာဆွဲပြောရာမှာ အဓိက သတင်းဌာနကြီးတွေဟာ ချန်ပီယံတွေ ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့တာပါ။ အခြေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့ ကြော်ငြာကိုတော့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွေမှာ ထပ်မံယှဉ်ပြိုင်မယ့် သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေး ကော်မတီအဖွဲ့က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Donald Trump ရဲ့ ကြော်ငြာ အမေရိကန်ရုပ်သံတွေ ဖော်ပြဖို့ငြင်းဆန်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG