သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဒီနှစ်အတွက် နောက်ဆုံးအကူအညီ ကန် မကြာခင်ပို့မည်

စစ်မြေပြင်မှာတွေ့ရတဲ့ ယူကရိန်းစစ်သား
စစ်မြေပြင်မှာတွေ့ရတဲ့ ယူကရိန်းစစ်သား

ယူကရိန်းနိုင်ငံအတွက် အမေရိကန်အစိုးရက ပေးမယ်လို့ ကတိပြုထားတဲ့ စစ်ရေးအကူအညီတွေထဲက လက်ကျန် ဒေါ်လာသန်း ၂၅၀ ဖိုး လက်နက်အကူအညီတွေ ပို့ပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့က ကြေညာခဲ့ပါတယ်။ ယူကရိန်းကို နောက်ထပ် ထောက်ပံ့ဖို့ လွှတ်တော်က အတည်ပြုမပေးရင်တော့ ဒီအကူအညီတွေက နောက်ဆုံးဖြစ်လိမ့်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်စစ်တပ်မှာရှိနေတဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်စနစ်တွေ၊ လေယာဉ်ပစ် Missile ဒုံးလက်နက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ၊ ကျည်တွေအပါအဝင် ဒေါ်လာသန်း ၂၅၀ ဖိုးအကူအညီတွေကို ယူကရိန်းကို ပို့ပေးမှာဖြစ်တယ်လို့ ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းကို လက်နက်အကူအညီပေးတာဟာ အမေရိကန်လုံခြုံရေးအတွက် အမျှော်အမြင်ရှိတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်တယ်လို့ ကာကွယ်ရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် August လထဲဆိုရင် အမေရိကန်စစ်တပ်အတွက် အသင့်ထားတဲ့ လက်နက်တွေထဲကနေ ယူကရိန်းအတွက် ၅၄ ကြိမ်မြောက် ပေးတာဖြစ်ပါတယ်။ အခုလို အမေရိကန်စစ်တပ်က ပေးလိုက်မဲ့ လက်နက်တွေနေရာမှာ ပြန်အစားထိုး ဝယ်ဖြည့်ဖို့ အသုံးစရိတ် မရှိတော့သလို၊ ယူကရိန်းကို နောက်ထပ် လက်နက်တွေထောက်ပံ့ဖို့ အသုံးစရိတ်လည်း ကုန်သွားပြီလို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ Marine တပ်ဖွဲ့ ဒုဗိုလ်မှူးကြီး Garron Garn ကကြေညာချက်မှာ ပြောထားပါတယ်။ နောက်ထပ်အသုံးစရိတ် ထပ် မရတော့ဘူးဆိုရင်တော့ အမေရိကန်စစ်တပ်မှာ အဆင်သင့်သုံးနိုင်ဖို့ထားတဲ့လက်နက်တွေကို ပြန်မဖြည့်နိုင်တဲ့အတွက် တိုက်ခိုက်ရေးပိုင်း အသင့်ဖြစ်မှုကို ထိခိုက်နိုင်တယ်လို့လည်း ဒုဗိုလ်မှူးကြီး Garron Garn ကသတိပေးပါတယ်။

အမေရိကန်ပြည်တွင်းလုံခြုံရေးအပါအဝင် ယူကရိန်းနဲ့ အစ္စရေးကို စစ်ရေးအကူအညီပေးနိုင်ဖို့ အသုံးစရိတ် ဒေါ်လာ ဘီလျံ ၁၀၀ အတည်ပြုပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တိုက်တွန်းနေပါတယ်။ မက္ကဆီကို နယ်စပ်ကနေ တရားမဝင် နိုင်ငံထဲဝင်ရောက်နေသူတွေ တားဆီးရေး Biden အစိုးရက တင်းတင်းကြပ်ကြပ် မလုပ်သေးဘူးလို့ဆိုပြီး အဲဒီမူကြမ်းကို ပထမတခေါက်မဲခွဲစဉ်က ရီပါဘလစ်ကန် အမတ်တွေက ပယ်ချထားပါတယ်။ ဒီအသုံးစရိတ်မူကြမ်းကို ရှေ့နှစ်ဆန်းကျမှ ထပ်ပြီး မဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်းကို ဒီနှစ်အတွက် နောက်ဆုံးအကူအညီ ကန် မကြာခင်ပို့မည်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG