သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးကောက်ပွဲ လုံခြုံရေး အမေရိကန်ထောက်လှမ်းရေး သတိပေး


အမေရိကန်ရွေးကောက်ပွဲ အိုဟိုင်းယိုးပြည်နယ်မှာ ကြိုတင်မဲပေးနေကြစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)
အမေရိကန်ရွေးကောက်ပွဲ အိုဟိုင်းယိုးပြည်နယ်မှာ ကြိုတင်မဲပေးနေကြစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန် ‌ရွေးကောက်ပွဲကို အကြောင်းပြပြီး နိုင်ငံရေးအရ ကွဲလွဲချက်တွေနဲ့ အမုန်းတရားတွေ ပိုကြီးထွားအောင်၊ အကြမ်းဖက်မှုတွေ ပေါ်လာအောင် ရန်ဖက် နိုင်ငံတွေက တိုးလုပ်လာနေတဲ့အကြောင်း အမေရိကန် ထောက်လှမ်းရေးဌာနက သတိပေးနေပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင် သီတင်း နှစ်ပတ်လောက်အလို အမေရိကန် အမျိုးသား ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက်အဆင့် စမ်းစစ်ချက် အစီရင်ခံစာကို မနေ့က လူသိရှင်ကြား ထုတ်ပြန်ပါတယ်။ ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှု ပျက်ပြားပြီး သေးသိမ်အောင် တိုးပြီး လုပ်နေကြတဲ့အကြောင်း စမ်းစစ်ချက်မှာ သတိပေးထားပါတယ်။

ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ပေါ်လာအောင် ရုရှားနဲ့ အီရန်နိုင်ငံတွေက ဖန်တီးမယ်ဆိုတာကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်။ ရွေးကောက်ပွဲအလွန် ရလဒ်တွေကို အတည်ပြုနေတဲ့ ကာလမှာလည်း မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတုမျိုးတွေနဲ့ သဘောထားကွဲလွဲချက်တွေ၊ အငြင်းပွားမှုတွေ တိုးလာအောင် လုပ်လာနိုင်ကြောင်း ထောက်လှမ်းရေးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG