သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံရေးဖြစ်ထွန်းမှု ကန်အနီးကပ်စောင့်ကြည့်နေ


စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရာထူးကဆင်ပေးရေး ဆန္ဒပြနေကြစဉ် (ဒီဇင်ဘာ ၄၊ ၂၀၂၄)
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရာထူးကဆင်ပေးရေး ဆန္ဒပြနေကြစဉ် (ဒီဇင်ဘာ ၄၊ ၂၀၂၄)

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယား ကွန်မြူနစ် တပ်ဖွဲ့တွေ လက်ကနေ နိုင်ငံကို ကာကွယ်ဖို့နဲ့ နိုင်ငံကို ဆန့်ကျင်နေသူတွေကို ဖယ်ရှားရေး အတွက် လိုအပ်တဲ့ အတွက်လို့ ဆိုပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက်မှာတော့ အမေရိကန် ပြည်ထောင်စုက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောဆိုလိုက်ပါတယ်။

"ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေကို ဖြေရှင်းနိုင်ရေး အတွက် တောင်ကိုရီးယား အစိုးရနဲ့ အမေရိကန် တာဝန်ရှိသူတွေကြား အနီးကပ် ဆောင်ရွက်နေကြပါတယ်၊ တောင်ကိုရီးယား နိုင်ငံတွင်း ဖြစ်ထွန်းမှုတွေကို အမေရိကန်က အထူးစိုးရိမ်စွာ စောင့်ကြည့်နေကြောင်း" အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က အင်္ဂါနေ့မှာ ပြောပါတယ်။ နိုင်ငံရေး အငြင်းပွားမှုတွေကို ဥပဒေနဲ့ အညီ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန် သမ္မတ Joe Biden ၊ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan နဲ့ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken တို့ကိုလည်း တောင်ကိုရီးယားက ဖြစ်ထွန်းမှုတွေကို အစီရင်ခံတင်ပြထားကြောင်းလည်း မစ္စတာ Campbell က ပြောပါတယ်။

Forum

XS
SM
MD
LG