တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က စစ်အုပ်ချုပ်ရေး အမိန့် ကြေညာချက်ကို မကြာခင် ပြန်လည် ရုပ်သိမ်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ သမ္မတရဲ့ အင်္ဂါနေ့ ညပိုင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို လွှတ်တော်က မဲခွဲ ပယ်ချလိုက်ပြီးနောက်မှာ သမ္မတက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
စစ်တပ် တပ်ဖွဲ့ဝင်တွေကို အစိုးရက ပြန်လည် ရုပ်သိမ်းနေပြီး အစိုးရ အဖွဲ့ဝင်တွေ ရောက်လာတာနဲ့ အစိုးရ အစည်းအဝေး ထိုင်မှာ ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင် ရုပ်သိမ်းမယ်လို့ သမ္မတ Yoon က ပြောပါတယ်။ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က အင်္ဂါနေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး နိုင်ငံကို ဆန့်ကျင်နှောင့်ယှက်တဲ့ အင်အားစုတွေကို ဖယ်ရှားမယ်လို့ ပြောဆိုလိုက်ပါတယ်။
လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတက အတိုက်အခံတွေဟာ မြောက်ကိုရီးယားဘက် ယိမ်းသူတွေလို့လည်း စွပ်စွဲထားတာပါ။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက် ထွက်ပြီး ၃ နာရီလောက် အကြာမှာတော့ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ရေး လွှတ်တော်က မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Forum