သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးပွဲမှာ ဆိုက်ဘာ တိုက်ခိုက်သူတွေ အမေရိကန်တုံ့ပြန်မည်


အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် မိန့်ခွန်းပြောစဉ်။ ( ဒီဇင်ဘာ ၁၄၊ ၂၀၁၆)
အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် မိန့်ခွန်းပြောစဉ်။ ( ဒီဇင်ဘာ ၁၄၊ ၂၀၁၆)

အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်တဲ့ ရုရှားအစိုးရပဲဖြစ်ဖြစ် တခြားဘယ်အစိုးရပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။

ပြည်ပနိုင်ငံတခုခုက ကျနော်တို့ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပျက်ပြားအောင်လုပ်လာပြီဆိုရင် ကျနော်တို့အနေနဲ့ အရေးယူသွားဖို့လိုတယ် ဆိုတာကတော့ သံသယဖြစ်စရာမလိုဘူးလို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း အရေးယူသွားမှာပါလို့ NPR သတင်းဌာနကို သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံက ကွန်ပျူတာတွေကို ခိုးဝင်တဲ့ ဟက်ကာတွေဟာ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီက ဒေါ်နယ်လ်ထရမ့် အနိုင်ရအောင်ကူညီဖို့ ရည်ရွယ်တဲ့အနေနဲ့ ဒီမိုကရက်တစ်ပါတီက ကွန်ပျူတာတွေကို ခိုးဝင်ပြီး၊ ဟီလရီကလင်တန်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာ ကသိကအောက်ဖြစ်စေနိုင်တဲ့ အီးမေးလ်တွေကို ဖွင့်ချခဲ့တယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA က ကောက်ချက်ချခဲ့ပါတယ်။

ဒီလိုကိစ္စတွေဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ ဒါမှမဟုတ် သူတိုက်ရိုက်မသိဘဲတော့ ဖြစ်လာစရာမရှိဘူးလို့ အိမ်ဖြူတော် ထိပ်တန်းအရာရှိက ပြောပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးအကဲဖြတ်တာတွေလုပ်နေတုန်းပဲဖြစ်ပြီး၊ ဒီကိစ္စမှာ ဘယ်သူတွေပါတယ် ဘာကြောင့်လုပ်တယ်ဆိုတဲ့ အဖြေကို အတိအကျဖော်ပြထားတဲ့ နောက်ဆုံးအစီရင်ခံစာကို စောင့်နေတယ်လို့ သမ္မတအိုဘားမားက NPR သတင်းဌာနကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG