သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNESCO မှ အမေရိကန်နုတ်ထွက်


ပြင်သစ်နိုင်ငံရှိ UNESCO အဆောက်အဦး
ပြင်သစ်နိုင်ငံရှိ UNESCO အဆောက်အဦး

ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့ကြီးဟာ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်လိုက်ပါတယ်။

"ဒီဆုံးဖြတ်ချက်ကို အလွယ်တကူ ချမှတ်လိုက်တာမဟုတ်ပါဘူး။ UNESCO အပေါ်တင်ရှိနေတဲ့ ကြွေးကျန်ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ချက်ကလည်း ထင်ဟပ်နေသလို ဒီအဖွဲ့ကြီးမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့လိုအပ်နေပြီး အစ္စရေးအပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှုတွေဆက်ပြီးရှိနေပါတယ်"လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ ဟေသာနူးအတ် ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နုတ်ထွက်မှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တည်ပြုပြောဆိုပါတယ်။

ဒီလိုဆုံးဖြတ်ပြီး နာရီပိုင်းခန့်အကြာမှာ အစ္စရေးနိုင်ငံကလည်း UNESCO အဖွဲ့ကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အတူ UNESCO အဖွဲ့ကနေ နုတ်ထွက်ဖို့အတွက် ပြင်ဆင်ထားဖို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဝန်ကြီးချုပ်ကညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုံးက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို Netanyahu ကြိုဆိုလိုက်ပါတယ်။ ဒါဟာ သင်ခန်းစာယူဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့ UNESCO ဟာ သမိုင်းအစဉ်အလာအမှား အယွင်းတွေမဖြစ်အောင် ထိန်းသိမ်းကာကွယ်ရမယ့်အစား အဓိပ္ပါယ် မရှိတဲ့အဖွဲ့တခု ဖြစ်လာနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

UNESCO မှ အမေရိကန်နုတ်ထွက်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG