သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံရုံး ထုတ်ပြန်ချက် သမ္မတပြောခွင့်ရချေပ


Rio de Žaneiro osvetljen bojama brazilskog tima uoći otvaranja Svetskog fudbalskog prvenstva.
Rio de Žaneiro osvetljen bojama brazilskog tima uoći otvaranja Svetskog fudbalskog prvenstva.
ကချင်ပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေ ဆက်ပြီးဖြစ်ပွါးနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဟာ အရပ်သားတွေကို ထိခိုက်သေကြေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေတဲ့အတွက် ဒါကိုပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုလိုက်တာပါ။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကတော့ အမေရိကန်သံရုံးရဲ့ကြေညာချက်ထဲမှာ KIA တပ်ဖွဲ့တွေရဲ့ အရပ်သားတွေနဲ့ ရဲတွေ အစိုးရတပ်တွေကို တိုက်ခိုက်တာတွေကို ဖေါ်ပြမထားတဲ့အတွက် မျှတမှုမရှိဘူးလို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ကချင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပါတ်သက်ပြီး စိုးရိမ်ပူပန်တာကို နားလည်နိုင်ပေမယ့် မျှမျှတတ ရှိအောင် အခုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွက် နှစ်ဘက်စလုံးရဲ့ လုပ်ဆောင်မှုတွေကို ထုတ်ဖေါ်ပြောဆိုဖို့ လိုအပ်ကြောင်းနဲ့ အခုမြန်မာအစိုးရကိုပဲ အပြစ်တင်နေတာအတွက် တရားမျှတမှု မရှိဘူးလို့ ပြောသွားတာပါ။

မြန်မာအစိုးရကတော့ စနေနေ့ကစပြီး မြန်မာတပ်တွေဘက်က အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာခဲ့ပါတယ်။ဒါပေမဲ့ ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။ ကချင်လက်နက်ကိုင်တပ်ဖွဲတွေနဲ့ မျက်မြင်သက်သေတွေက VOA ကိုပြောကြားရာမှာတော့ အစိုးရတပ်တွေဟာ အခုလို တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြပြီး ကချင်လက်နက်ကိုင်တွေကို ထိုးစစ်ဆင်ဖို့အတွက် နေရာယူလေ့ရှိတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG