သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တပ်ကီပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦးအထိတိုး 

A submerged house is seen in flood affected area, in Breathitt County, Kentucky, July 28, 2022.
A submerged house is seen in flood affected area, in Breathitt County, Kentucky, July 28, 2022.

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျံခဲ့တဲ့အတွက် ကလေး ၄ ဦးအပါအဝင် သေဆုံးသူ ၂၅ ယောက်အထိရှိသွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ကန်တပ်ကီပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦးအထိတိုး

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျံခဲ့တဲ့အတွက် ကလေး ၄ ဦးအပါအဝင် သေဆုံးသူ ၂၅ ယောက်အထိရှိသွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ခရိုင် ၅ ခုမှာ သေဆုံးသူ ၂၅ ယောက် ကျနော်တို့ အတည်ပြုထားပါတယ်။ အရေအတွက်ဟာလည်း ထပ်တိုးလာပါလိမ့်မယ်။” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear စနေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ ကြာသပတေးနေ့အထိ မိုးရေချိန် ၅ လက်မကနေ ၁ဝ လက်မ လောက်အထိ ရွာသည်းထန်စွာသွန်းခဲ့တဲ့အတွက် အိမ်တွေ၊ ကားလမ်းတွေရေမြှုပ်ခဲ့ သလိုမြစ်ရေချောင်းရေတွေလည်း လျှံတက်ခဲ့ပါတယ်။

ကန်တပ်ကီပြည်နယ်ဟာ တောင်တန်းတွေထူထပ်ပြီး ကျဉ်းမြောင်းတဲ့ ချိုင့်ဝှမ်းဒေသတွေ ရှိတဲ့အတွက် ခုလိုရေကြီးရေလျှံမှုှု ဒဏ်ကိုခံရသလို၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း အခုလို ဖြစ်ရတယ်လို့ ကျွမ်းကျင်သူပညာရှင်တွေကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ သမတဂျိုးဘိုင်ဒင်က ကန်တကီပြည်နယ်ကို ကပ်ဘေးသင့်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုအစိုးရအကူညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ကန်တပ်ကီပြည်နယ်မှာ ရေကြီးရေလျှံမှုဟာ ဒုတိယအဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ လေဆင်နှာမောင်းဒဏ်ကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ပါတယ်။

ကန်တပ်ကီပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦးအထိတိုး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}







XS
SM
MD
LG