သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်ဝင်ခွင့် ပိုမိုတင်းကြပ်မည်


U.S Embassy
U.S Embassy

အမေရိကန်ပြည်ဝင်ခွင့် Visa လျှောက်ထားကြသူတွေထဲက ဘယ်သူတွေကိုတော့ ပိုပြီးစိစစ်သင့်တယ်ဆိုတာမျိုး သိအောင်လုပ်ဖို့ ကမ္ဘာတဝန်းမှာရှိကြတဲ့ အမေရိကန် သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားရေးဌာနက မှာကြားထားပါတယ်။ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်လို့ မသင်္ကာသူတွေ၊ IS စစ်သွေးကြွအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဆီ သွားခဲ့ဖူးသူတွေဆိုရင် သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို ဆန်းစစ်သုံးသပ်ကြဖို့လည်း နိုင်ငံခြားသံရုံးတွေကို ညွန်ကြားထားပါတယ်။

Visa လျှောက်ကြသူတွေထဲမှာ အမေရိကန်အတွက် အန္တရာယ်ရှိနိုင်မယ့်သူ၊ စိုးရိမ်စရာ မရှိတဲ့သူ စသဖြင့် အုပ်စုခွဲနိုင်ရေးအတွက် လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ တိုင်ပင်ဆုံးဖြတ်ပြီး လိုအပ်သလို စိစစ်မှုတွေကို ကြပ်ကြပ်မတ်မတ်လုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကအမေရိကန်သံရုံးတွေဆီ ပေးပို့တဲ့ ဌာနတွင်း ဆက်သွယ်စာတွေထဲမှာ ပြောထားပါတယ်။

Visa လျှောက်သူအနေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေပြည့်မှီလို့ Visa ပေးနိုင်တယ်ဆိုရင်တောင် လုံခြုံရေး ထောက်လှမ်းရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆုံးဖြတ်ချက်အရ လိုအပ်ရင် ထပ်ပြီးစိစစ်ရမှာဖြစ်ပါတယ်။ အဲဒီသူမျိုးတွေကို Visa ငြင်းပယ်လိုက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အမေရိကန်ကိုလာမယ့် နိုင်ငံခြားသားတွေကို သေသေချာချာ စိစစ်မယ်လို့ သမ္မတ Donald Trump ပေးခဲ့တဲ့ မဲဆွယ်ကတိတွေအတိုင်း ပထမဆုံးစီစဉ်ဆောင်ရွက်မှုလို့ မြင်နိုင်ပါတယ်။

မတ်လ ၁၀ ရက်ကနေ မတ်လ ၁၇ ရက်ကြားပေးပို့ခဲ့တဲ့ ဌာနတွင်းပေးစာ ညွန်ကြားချက် ၄ ခုထဲမှာ ဘယ်လိုလူမျိုးကို အထူးစိစစ်ရမယ့် အုပ်စုထဲ ထည့်ရမှာလဲဆိုတာ အသေးစိတ်ကိုတော့ ရှင်းပြထားခြင်း မရှိပါဘူး။ ဒီဆောင်ရွက်မှုတွေက လူမျိုး ဘာသာကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ လုပ်ချင်သလို လုပ်အောင်ခွင့် ပေးထားသလို ဖြစ်လိမ့်မယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ဝန်ကြီး Tillerson ဆီကို ကြာသပတေးနေ့က စာရေးသား ပေးပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG