သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ပြည်ဝင်ခွင့်ကန့်သတ်ချက် သမ္မတအမိန့်သစ် တနင်္လာနေ့ ထုတ်ပြန်မည်


အမေရိကန်ပြည်ထောင်စု ပြည်ဝင်ခွင့်နဲ့ လူဝင်မှုကြီးကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်တဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်အသစ်ကို သမ္မတ Donald Trump က ဒီကနေ့ (တနင်္လာနေ့) မှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အရင်က ထုတ်ပြန်ခဲ့တဲ့ Trump အစိုးရအဖွဲ့ရဲ့ အမိန့်ကို ပြည်ထောင်စု တရားရုံး တရုံးက ဟန့်တားပိတ်ဆို့တာ ခံခဲ့ရပါတယ်။

မူလက ထုတ်ပြန်ခဲ့တဲ့ ယာယီ ပြည်ဝင်ခွင့် ကန့်သတ်ချက် ထဲမှာ အမေရိကန် ကို ရွှေ့ပြောင်း အခြေချ နေထိုင်ကြမယ့် ဒုက္ခသည်တွေနဲ့ မွတ်စလင် အများစုနေထိုင်တဲ့ နိုင်ငံံ (၇) လူတွေ ပါခဲ့ပေမယ့် အခု အသစ်ထုတ်ပြန်ချက်ထဲမှာတော့ အီရတ်နိုင်ငံ မပါဝင်တော့ဘူးလို့ အမေရိကန် သတင်းတွေမှာ ရေးသား ဖေါ်ပြကြပါတယ်။

ကနဦး ဇန်နဝါရီလ ၂၇ ရက်နေ့က သမ္မတ Trump လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ အီရတ် နိုင်ငံသာမက အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေ ပါဝင်ပါတယ်။

အဲဒီ ကန့်သတ်တားမြစ်မှုကြောင့် ကမ္ဘာအနှံ့ လေဆိပ်တွေမှာ အခြေအနေတွေ ဖရိုဖရဲ ဖြစ်သွားခဲ့ရပြီး လူဝန်မှုကြီးကြပ်ရေး အရာရှိတွေအနေနဲ့ ကန့်သတ် ခံရသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုအတွင်း အမြဲတမ်းနေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူတွေနဲ့ ပြည်ဝင်ခွင့် ဗီဇာ အတည်ပြုချက် ရရှိထားပြီးသူတွေ ပါဝင်နေသလားဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ကြပါတယ်။

သမ္မတရဲ့ ယာယီ ပြည်ဝင်ခွင့် ကန့်သတ်တဲ့ အမိန့်အပေါ် ဆိုင်းငံ့လိုက်တဲ့ ပြည်ထောင်စု တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက အတည်ပြု လုက်ခံလိုက်ပြီး၊ ဒီအမိန့်ဟာ အခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို ဆန်းစစ်နေပါတယ်။

ကန် ပြည်ဝင်ခွင့်ကန့်သတ်ချက် သမ္မတအမိန့်သစ် တနင်္လာနေ့ ထုတ်ပြန်မည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG