သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ပိတ်ပင်မှု သမ္မတအမိန့်သစ် မကြာမီ ထုတ်ပြန်ဖွယ်ရှိ


လာမယ့်ရက်တွေအတွင်း ထုတ်ပြန်နိုင်ဖို့ရှိတဲ့ အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့် ကန့်သတ်တဲ့ သမ္မတရဲ့အမိန့်ကို ပြန်လည် ပြင်ဆင်နေစဉ်အတွင်း သမ္မတ Doanld Trump အနေနဲ့ သူ ကနဦးထုတ်ပြန်တဲ့ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်တဲ့ အမိန့်ကို ဆက်လက် ခုခံ ကာကွယ်သွားနိုင်တဲ့အကြောင်း ဒုသမ္မတ Mike Pence က ဗုဒ္ဓဟူးနေ့က CBS ရုပ်သံရဲ့ This Morning အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက လူတွေကို ယာယီ အမေရိကန်ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတဲ့ သမ္မတ Trump အစိုးရရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ကို ပြည်ထောင်စု တရားရုံးတွေက ဟန့်တားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ကန့်သတ်မှုတွေမှာ အမေရိကန်ကို လာရောက်အခြေချကြတဲ့ ဒုက္ခသည်များ အစီအစဉ်လည်း ပါဝင်တာ ဖြစ်ပါတယ်။

ဒီအမိန့်အပေါ် အမေရိကန်တရားရုံးတွေမှာ အမှုပေါင်း ၂ ဒါဇင်ကျော် တင်သွင်းခဲ့တာရှိပေမဲ့ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်က ပြည်ထောင်စု အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုဟာ ဆိုင်းငံ့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကနဦးအမိန့်အရ Green Card လို့ခေါ်တဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် ကဒ်ပြားတွေ ကိုင်ဆောင်ထားသူတွေ အပါအဝင် ခရီးသည် အများအပြားဟာ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ယာယီ ဟန့်တားခြင်း ခံခဲ့ရတဲ့အတွက် အခြေအနေတွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

ဒုသမ္မတ Mike Pence က သမ္မတရဲ့ အမိန့်ပြင်ဆင်ချက်ဟာ ရက်အနည်းငယ်အတွင်း ထွက်လာဖွယ်ရာ ရှိတယ်လို့ ပြောပါတယ်။ ဒီအမိန့်အသစ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ အိမ်ဖြူတော် သတင်းရပ်ကွက်က ပြောပေမဲ့ လွှတ်တော်မှာ သမ္မတ Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအခြေအနေကို ဆက်ထိန်းသွားနိုင်ဖို့ လက်မှတ်ရေးထိုးမှုကို ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ Trump အစိုးရ ထိပ်တန်းအရာရှိတဦးက CNN ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ဝင်ခွင့်ပိတ်ပင်မှု သမ္မတအမိန့်သစ် မကြာမီ ထုတ်ပြန်ဖွယ်ရှိ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG